စက်ဘီးစီးအဖွဲ့တစ်ဖွဲ့က ၁၀၂၃ ကီလိုမီတာ ရှည်လျားတဲ့ GPS ဒိုင်နိုဆောပုံကို ဖန်တီး

19.4.2023-yyl-iamge-11.jpg

စက်ဘီးစီးအဖွဲ့တစ်ဖွဲ့ ဖန်တီးခဲ့တဲ့ ကီလိုမီတာ ၁၀၂၅ (၆၃၅ မိုင်) ရှည်လျားတဲ့ ဒိုင်နိုဆောပုံကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အကြီးဆုံး GPS ရုပ်ပုံအဖြစ် တရားဝင်သတ်မှတ်လိုက်ပါတယ်။ ဒီဒိုင်နိုဆောပုံကို ပြင်သစ်စက်ဘီးသမားတွေဖြစ်တဲ့ ဖလောရန့် အာနက်ဒ်၊ မက်ဇီမီ ဘရုဂီရီ၊ ဖရန်ခ် ဒီလော်မီ၊ နီကိုလက်စ် မယ်အန်နီယာ နဲ့ ဂျင်း ရိုလီတို့က ဖန်တီးခဲ့တာပါ။ ဒီပုံ ပြီးမြောက်ဖို့အတွက် သူတို့က ၄၃ နာရီနဲ့ ၄၃ မိနစ်ကြာ အချိန်ယူခဲ့ရပါတယ်။

သူတို့အဖွဲ့ဟာ ပြင်သစ်နိုင်ငံအလယ်ပိုင်း Allier ဒေသက Meillard ကနေ စတင်စက်ဘီးစီးပြီး အဲ့ဒီမှာပဲ ပြီးဆုံးခဲ့တာပါ။ (၆) ရက်ကျော်ကြာ စက်ဘီးစီးနှင်ခဲ့ရပြီး အခြားနိုင်ငံတော်တော်များများကိုလည်း ဖြတ်ကျော်ခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ ဒိုင်နိုဆောပုံကို ဆွဲခဲ့တာဖြစ်ပေမဲ့ ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အခုနှစ် မတ်လအထိ တရားဝင်မကြေညာခဲ့ပါဘူး။

သူတို့အဖွဲ့ဟာ ၂၀၂၀ ခုနှစ်က T-Rex ဒိုင်နိုဆောပုံ ဖန်တီးခဲ့သလို ၂၀၂၁ ခုနှစ်က ဒစ်ပလိုဒိုကတ်ဒိုင်နိုဆောပုံကိုလည်း ဖန်တီးခဲ့ပါသေးတယ်။ အဲ့ဒီနောက်မှာ ဒီကမ္ဘာ့ဂင်းနစ်စ်စံချိန်တင် velociraptor ဒိုင်နိုဆောကို ဖန်တီးဖြစ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်က ၇၆၁ ကီလိုမီတာ (၄၇၂ မိုင်) ရှိတဲ့ အသည်းပုံ ရေးဆွဲခဲ့တဲ့ အီဂျစ်စက်ဘီးစီးအဖွဲ့ရဲ့စံချိန်ကို ချိုးခဲ့တာပါ။

Ref: Cyclists ride for six days to create ‘1,025km-long’ dinosaur and claim Guinness World Record for largest GPS drawing by a bicycle team

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top