လင်းယုန်တွေဟာ လူတွေထက် အမြင်အာရုံ ၄ ဆ ကနေ ၅ ဆအထိ စူးရှထက်မြက်ပါတယ်။ အဲဒီစွမ်းရည်ကြောင့် ယုန်တစ်ကောင် အရွယ်အစားရှိတဲ့ အရာဝတ္တုကို ၃ မိုင်အကွာအဝေးကနေ လှမ်းမြင်နိုင်စွမ်း ရှိပါတယ်။
လင်းယုန်တွေရဲ့ မျက်ကြည်လွှာ တစ်ကုဗမီလီမီတာမှာ အမြင်အာရုံဆဲလ်ပေါင်း ၁ သန်း ပါဝင်ပြီး အရှေ့ဘက်ကိုရော၊ ဘေးဘက်ကိုရော တစ်ပြိုင်တည်း ကြည့်မြင်နိုင်စွမ်း ရှိပါတယ်။
အမြင်အာရုံဆဲလ် အမျိုးအစား ၄ မျိုး ပါဝင်တာကြောင့် လင်းယုန်တွေဟာ ခရမ်းလွန်ရောင်ခြည်ကိုတောင် ကြည့်နိုင်စွမ်းရှိပြီး တိကျပြတ်သားတဲ့ အမြင်အာရုံကြောင့် အမဲလိုက်ရာမှာ သာလွန်တဲ့စွမ်းရည် ပိုင်ဆိုင်နိုင်တာ ဖြစ်ပါတယ်။
Ref: What Is Eagle Eye Vision?
NZ ( ရိုးရာလေး)

