လူမျိုးဘာသာမရွေး စားသုံးနိုင်သော ကမ္ဘာတစ်ဝန်းလူကြိုက်များသည့် ကြက်ကြော်ဆိုင် အမှတ်တံဆိပ် ChicKing® ၏ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး Flagship အရောင်းဆိုင်ကြီး စတင်ဖွင့်လှစ်

chick7.webp

ဆန်းသစ်သော အရသာနှင့် မိသားစုတိုင်းအတွက် အကောင်းမွန်ဆုံး စားသုံးမှု အတွေ့အကြုံ များကြောင့် ကမ္ဘာတစ်ဝန်း လူကြိုက်အများဆုံး ဟလာလ်အဆင့်မှီ Quick Service Restaurant (QSR) အမှတ်တံဆိပ် တစ်ခုဖြစ်သော ChicKing® သည် ၎င်း၏ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး Flagship အရောင်းဆိုင်ကြီး အား မြန်မာပလာဇာ ရှော့ပင်းစင်တာ ၃ လွှာတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း ကြေညာခဲ့သည်။


အဆိုပါ Flagship အရောင်းဆိုင် စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် ChicKing Fun Day အား ဩဂုတ်လ ၃၁ ရက်နေ့ – မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ မြန်မာပလာဇာ ရှော့ပင်းစင်တာ၏ Promotion Area တွင် စိတ်လှုပ်ရှားစရာ Lucky Draw အစီအစဉ်များ၊ ဖျော်ဖြေမှုများ၊ ဂိမ်းအစီအစဉ်များ နှင့်အတူ ကျင်းပပြုလုပ်သွားမည် ဖြစ်ကာ တက်ရောက်လာသူများ အနေနှင့် Chicking ၏ နာမည်ကျော် ကြက်ကြော်များကိုလည်း မြည်းစမ်းသွားနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဤကဲ့သို့ ပထမဆုံး Flagship အရောင်းဆိုင်အား စတင်ဖွင့်လှစ်နိုင်ခြင်းသည် Chicking ၏ နိုင်ငံတကာ ဈေးကွက်ချဲ့ထွင်ခြင်း ခရီးစဉ်တွင် အရေးပါသော မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်လိုက်ခြင်းဖြစ်သည့်အပြင် ၎င်း၏ လူမျိုးဘာသာမရွေး စားသုံးနိုင်သော ကမ္ဘာ့အဆင့်မှီ ကြက်ကြော်နှင့် Fusion မီနူးများကို မြန်မာနိုင်ငံမှ စားသုံးသူ များထံ သယ်ဆောင်လာပေးနိုင်ခဲ့ပြီ ဖြစ်သည်။


ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၃၅ နိုင်ငံကျော်တွင် အရောင်းဆိုင်ပေါင်း ၄၀၀ ကျော် ဖွင့်လှစ်ထားသော ChicKing အနေနှင့် “Real Food, Real Happiness” ဟူသော ဆောင်ပုဒ်နှင့်အညီ ကမ္ဘာတစ်ဝန်းမှ မိသားစုများနှင့် အစားအသောက်ချစ်သူ များအတွက် စုံလင်လှသော အရသာများကို စဉ်ဆက်မပြတ်ပေးအပ်လျက်ရှိသည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း ChicKing အနေနှင့် အရသာရှိပြီး သင့်တင့်မျှတသော လူမျိုးဘာသာမရွေးစားသုံးနိုင်သည့် အစားအသောက် များကို စားသုံးသူများထံ သယ်ဆောင်လာပေးရန် ရည်ရွယ်လုပ်ဆောင်လျက် ရှိသည်။


“အခုလို မြန်မာနိုင်ငံအတွက် ပထမဆုံးအရောင်းဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး Chicking ရဲ့ အရသာ၊ စားသုံးမှုအတွေ့အကြုံ တွေကို စားသုံးသူတွေနဲ့ မျှဝေပေးနိုင်ခဲ့တဲ့အတွက် တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ ဒီ Grand Opening ဟာ ကျွန်တော်တို့ရဲ့ ဈေးကွက်ချဲ့ထွင်မှုတစ်ခုတည်းအတွက်တင် မဟုတ်ပဲ ဆန်းသစ်ပြီး လူမျိုးဘာသာမရွေး သုံးဆောင်နိုင်တဲ့ အစားအသောက်တွေကို ပေးအပ်သွားနိုင်ဖို့ဆိုတဲ့ ရည်သန်ချက်ကိုပါ သက်သေပြသနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်” ဟု ChicKing ၏ ဒါရိုက်တာဖြစ်သူ ကိုကျော်နိုင်ဦးက ပြောကြားခဲ့သည်။


ရန်ကုန်မြို့၊ မြန်မာပလာဇာ ရှော့ပင်းစင်တာတွင် စတင်ဖွင့်လှစ်လိုက်သော ChicKing အရောင်းဆိုင် အသစ်တွင် ၎င်း၏ နိုင်ငံတကာတွင် လူကြိုက်များသော ကြက်ကြော်၊ ဘာဂါ၊ သောက်သုံးစရာများ အပါအဝင် နာမည်ကျော် မီနူးများကို ရောင်းချပေးသွားမည်ဖြစ်သည့်အတွက် မိသားစုများ၊ သူငယ်ချင်းများနှင့်အတူ အပန်းဖြေ လာရောက်သုံးဆောင် သွားနိုင်မည် ဖြစ်သည်။

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top