Vietjet သည် စက်တင်ဘာတွင် ဗီယက်နမ်ခရီးစဉ်များအတွက် လေယာဉ်လက်မှတ် သန်းပေါင်းများစွာကို အထူးဈေးနှုန်းဖြစ်သော သုညကျပ်ဖြင့် ရောင်းချပေးသွားမည်

The-beauty-of-Northwest-Vietnam.jpg

ထာဝစဉ်အမြဲလှပသော ဗီယက်နမ်” (Vietnam – Timeless charm) ၏ ခရီးသွားလုပ်ငန်းအစီအစဉ် နှင့် ရင်ခုန်စရာကောင်းသော ဆောင်းဦး ခရီသွားရာသီအား ပျော်ရွင်စွာကျင်းပရန်အတွက် Vietjet လေကြောင်းလိုင်းသည် လေယာဉ်လက်မှတ် သန်းပေါင်းများစွာကို အထူးဈေးနှုန်း သုညကျပ်ဖြင့် (အခွန် နှင့် အခြားအခွန်အခများမပါ) ဗီယက်နမ်ပြည်တွင်းခရီးစဉ်များအားလုံးအတွက် ရောင်းချပေးသွားမည်ဖြစ်ပါတယ်။ ခရီးသွားဧည့်သည်များအနေဖြင့် အဆိုပါလက်မှတ်များကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၇ ရက်မှ ၁၉ ရက် နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၄ ရက်မှ ၂၆ ရက် မြန်မာစံတော်ချိန် နေ့လည် ၁၁ နာရီခွဲမှ ၁ နာရီခွဲ အတွင်း ဝယ်ယူနိုင်မှာ ဖြစ်ပါသည်။

အဆိုပါပရိုမိုးရှင်းလက်မှတ်များကို ရန်ကုန်-ဟနွိုင်းခရီးစဉ်အပါအဝင် ဗီယက်နမ်နိုင်ငံအတွင်းရှိ လေကြောင်းခရီးစဉ် အားလုံးအတွက်ဖြစ်ပြီး ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၀ရက်နေ့မှ ၂၀၂၀ခုနှစ် မတ်လ ၂၈ ရက်နေ့(ပိတ်ရက်များမပါ) အတွင်းပျံသန်းမည့် ခရီးစဉ်များအတွက်သာဖြစ်သည်။ လေယာဉ်လက်မှတ်များကို Vietjet ဝဘ်ဆိုဒ် www.vietjetair.com တွင်လည်းကောင်း၊ စမတ်ဖုန်း/မိုဘိုင်း app ဆိုလျှင် “Vietjet Air” လည်းကောင်း ဝယ်ယူနိုင်ပါသည်။ ငွေပေးချေမှုများကို Vietjet Sky Club, နိုင်ငံတကာ Debit and Credit Cards ငွေပေးချေကဒ်များဖြစ်သော Visa/Master Card/AMEX/JC/KCP/Union ကဒ် များနှင့်ပေးချေနိုင်ပါသည်။

Vietjetလေကြောင်းလိုင်း၏ ယခုအစီအစဉ်သည် မြန်မာခရီးသွားဧည့်သည်များအတွက် ဈေးနှုန်းသင့်တင့်မျှတသော လက်မှတ်များဖြင့် ဗီယက်နမ်မြို့တော်ဟနွိုင်း မှတဆင့် ဗီယက်နမ်၏ စည်ကားသောမြို့များ၊ လှပသောရှုခင်းများ၊ ရိုးရာယဉ်ကျေးမှုများနှင့် ကြွယ်ဝသောအစားအစာများ တည်ရှိသည့်နေရာများသို့ အပန်းဖြေခရီးထွက်ရန် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါသည်။ လက်ရှိတွင် Vietjet လေကြောင်းလိုင်းသည် ရန်ကုန်-ဟနွိုင်း အသွားအပြန်ခရီးစဉ်ကို တစ်ပါတ်လျှင် ၅ ရက် ပြေးဆွဲပေးလျက် ရှိပါသည်။

Vietjet ၏ ဒုတိယ ဥက္ကဌ Nguyen Thanh Son က “ Viejtet ကလူကြိုက်များတဲ့ လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့အတွက် ခရီးသည်တွေ သွားချင်တဲ့နေရာတိုင်းကို ခရီးစဉ်အသစ်ဖွင့်ပေးမှာဖြစ်ပါတယ်။ ခရီးသည်တွေ ဘယ်မှာပဲရှိနေ သူတို့ ဗီယက်နမ်တစ်ဝှမ်းလုံးကို Vietjet လေကြောင်းလိုင်းနဲ့ ပျံသန်းနိုင်မယ်။ အခုဆိုရင် Vinh, Thanh Hoa, Hai Phong မှာရှိတဲ့ ခရီးသည်တွေက Buon Me Thuot, Pleiku, Nha Trang, Da Nang ဆီကိုလွယ်ကူစွာ သွားရောက်နိုင်ကြပြီဖြစ်ပါတယ်။ နိုင်ငံတကာ ခရီးသွားများကို ပြည်တွင်းခရီးသွားလုပ်ငန်းအတွက်မြှင့်တင်ပြီး ဗီယက်နမ်ကို ကမ္ဘာ့တစ်ဝှမ်းသို့ ခေါ်ဆောင်သွားရန်အတွက်လည်း မျှော်လင့်ပါတယ် ” ဟု ပြောကြားခဲ့သည်။

အများကြိုက်နှစ်သက်သော လေကြောင်းလိုင်းတစ်ခုဖြစ်သည့် Vietjet သည် ခရီးသည်များ၏ လိုအပ်ချက်များကို ဖြည့်စည်းနိုင်ရန် ဝန်ဆောင်အသစ်များ ထပ်မံတိုးချဲ့ခြင်းဖြင့် ဈေးနှုန်းသက်သာသော လက်မှတ်နှုန်းဖြင့် ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။ Vietjet လေကြောင်းလိုင်းသည် “စိတ်ချလုံခြုံမှု၊ ပျော်ရွှင်မှု၊ သင့်တင့်မျှတသော လက်မှတ်ခနှုန်းထားမှု နှင့် အချိန်မှန်မှုများ” ကြောင့်လူသိများပြီး ခရီးသွားဧည့်သည်များကို အရည်အသွေးမြင့်မားသော ဝန်ဆောင်မှုများ၊ စုံလင်သောလက်မှတ်အမျိုးအစားများနှင့်အတူ Vietjetသည် ခရီးသည်များကို သက်တောင့်သက်သာရှိသော လေယာဉ်အသစ်ထိုင်ခုံများပေါ်တွင် အရသာကောင်းမွန်သော ပူပူနွေးနွေး အစားအသောက်များကို လေယာဉ်မောင်မယ်များက ရင်းနှီးဖော်ရွေ တက်ကြွစွာ ဝန်ဆောင်မှုပေးသော လေကြောင်းခရီးသွား အတွေ့အကြုံများကို ဝန်ဆောင်မှု ပေးလျှက်ရှိပါသည်။

Vietjet သည် လေကြောင်းလိုင်းသည် ပြည်တွင်းပြည်ပလေယာဉ်ခရီးစဉ်ပေါင်း ၁၂၉ ကြောင်း လေယာဉ်အစီးရေ ၄၀၀ ခန့်ဖြင့် အာရှနိုင်ငံများသို့ နေ့စဉ် ဝန်ဆောင်မှုပေးနေပြီး အာရှဒေသခရီးသွားများအတွက် ဗီယက်နမ်နိုင်ငံတွင်းရှိ ဟနွိုင်း၊ ဟိုချီမင်၊ ဒါနန်း၊ နာထောင်၊ ဖူကွာ၊ နှင့် ဒါးလတ် သို့ ခရီးသွား အပန်းဖြေနိုင်ရန်အတွက် ချိတ်ဆက်ပေးနေသော လေကြောင်းလိုင်းတစ်ခုဖြစ်သည်။
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top