ဦးနှောက်ကင်ဆာ အဆင့် ၄ အခြေအနေ ကြုံနေရတဲ့ ၂ နှစ်အရွယ် မိန်းကလေးငယ်အတွက် ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်က အမေရိကန်ဒေါ်လာ ၁ သိန်း လှူဒါန်းပေးခဲ့ပါတယ်။
ကလေးငယ်ရဲ့မိခင်ဖြစ်သူ TikTok ပေါ်တင်ထားတဲ့ ဗီဒီယိုကို တွေ့ခဲ့ပြီးနောက် အောက်တိုဘာလ ၁၇ ရက်မှာ တေလာဆွစ်ဖ်က GoFundMe ပေ့ချ်မှတစ်ဆင့် ကလေးငယ် လီလာအတွက် ဒေါ်လာ ၁ သိန်း လှူဒါန်းပေးခဲ့တာပါ။
Stand with Lilah အကောင့်ကနေ တင်ထားတဲ့ TikTok ဗီဒီယိုမှာ လီလာက တေလာဆွစ်ဖ်ရဲ့ ရုပ်သံမှတ်တမ်းတစ်ခုကို ကြည့်နေပြီး တေလာဆွစ်ဖ်ကို သူ့သူငယ်ချင်းလို့ ပြောနေတာ တွေ့ရပါတယ်။

တေလာဆွစ်ဖ်ဟာ လီလာအတွက် ရက်ရက်ရောရော လှူဒါန်းပေးခဲ့တဲ့အပြင် ” ပွေ့ဖက်နှုတ်ဆက်လိုက်ပါတယ် သူငယ်ချင်း လီလာရေ၊ အရမ်းချစ်တဲ့ တေလာ”လို့လည်း စာရေးသား ပေးပို့ခဲ့ပါတယ်။
လီလာရဲ့ ကင်ဆာရောဂါဟာ ရှားပါးတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံမှာ ဒီလိုရောဂါမျိုးကြုံခဲ့သူ ၅၈ ယောက်ပဲ ရှိခဲ့ပါတယ်။ ဦးနှောက်ထဲက အကြိတ်ကို ခွဲစိတ်ဖယ်ရှားခဲ့ရတဲ့အပြင် ဓာတ်ရောင်ခြည်ကုထုံး၊ ပင်မဆဲလ်ကုထုံးအပါအဝင် ကုထုံးပေါင်းများစွာကို လပေါင်းများစွာ ဆက်လက်ကုသသွားရမှာပါ။ အခုချိန်မှာတော့ တေလာဆွစ်ဖ်ရဲ့ လှူဒါန်းမှုကြောင့် လီလာရဲ့မိဘတွေဟာ ငွေကြေးဝန်ထုပ်ဝန်ပိုး လျော့နည်းသွားခဲ့ပါပြီ။
Ref: Taylor Swift Donates $100K To Help 2-Year-Old Girl Battling Rare Brain Cancer
NZ ( ရိုးရာလေး)

