နေရာ ၃ နေရာမှာ မတူကွဲပြားတဲ့ ပုံစံ ၃ မျိုးနဲ့ လက်ထပ်ဖို့ စီစဉ်ထားတဲ့ မင်းသမီး Yaya

yaya.jpg

မင်္ဂလာဆောင်ဖို့ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ထိပ်တန်းထိုင်းမင်းသမီးတွေထဲမှာ မင်းသမီး Yaya Urassaya ကျန်နေပါသေးတယ်။ Yaya နဲ့ မင်းသား Nadech Kugimiya တို့ တွဲနေခဲ့ကြတာ ဆယ်စုနှစ် ၁ စု ကျော်ပါပြီ။ သူတို့နှစ်ဦးဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လက အီတလီမှာ စေ့စပ်ခဲ့ကြတာပါ။ ပရိသတ်တွေ မျှော်လင့်နေကြသလိုပဲ Yaya တို့စုံတွဲက ၂၀၂၆ ခုနှစ်မှာ မတူကွဲပြားတဲ့ယဉ်ကျေးမှု ၃ မျိုးကို ကိုယ်စားပြုတဲ့ အခမ်းအနား ၃ ခုနဲ့ မင်္ဂလာပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ 

ပထမဆုံးပွဲကိုတော့ ထိုင်းနိုင်ငံရဲ့စတုတ္တအကြီးဆုံးမြို့ဖြစ်တဲ့ ခွန်ကန်မြို့မှာ သတို့သားရဲ့မိသားစုကို ဂုဏ်ပြုရင်း အီဆန်စတိုင်နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ ဒုတိယပွဲကတော့ နော်ဝေနိုင်ငံမှာ ကျင်းပမယ့် တရားဝင်မင်္ဂလာပွဲကြီးဖြစ်ပါတယ်။ ဒီမင်္ဂလာပွဲကို သတို့သမီးရဲ့မိသားစုတွေဝန်းရံပြီးတော့ ကျင်းပသွားမှာဖြစ်ပါတယ်။ နောက်ဆုံးပွဲကတော့ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ပြီး ဧည့်သည်တော်တွေနဲ့ အနုပညာနယ်ပယ်က အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြားမှာဖြစ်ပါတယ်။ 

မြန်မာပရိသတ်တွေက Yaya ရဲ့မင်္ဂလာပွဲကို ၂၀၂၆ ခုနှစ်မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကြည့်ခွင့်ရတော့မှာဖြစ်ပါတယ်။ 

Ref: Nadech Kugimiya and Yaya Urassaya Are Planning to Get Married in 3 Different Places

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top