Hunger Games နောက်ဆက်တွဲဇာတ်ကားမှာ ဂျနီဖာ လောရန့်စ်ကို ပြန်မြင်တွေ့ရဦးမယ်

game.jpg

မင်းသမီးဂျနီဖာ လောရန့်စ်နဲ့ မင်းသားဂျော့ရှ် ဟတ်ချာဆန်တို့ဟာ နောက်နှစ်ထဲ ထွက်ရှိမယ့် Hunger Games နောက်ဆက်တွဲဇာတ်ကားမှာ ပြန်လည်ပါဝင်လာမှာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၁၅ ခုနှစ်က Hunger Games ဒုတိယမြောက်ဇာတ်ကား Mockingjay မှာ နောက်ဆုံးအတူပါဝင်ခဲ့တာပါ။

လောရန့်စ်နဲ့ ဟတ်ချာဆန်တို့ဟာ The Hunger Games: Sunrise on the Reaping ဇာတ်ကားအသစ်မှာ သူတို့ရဲ့အထင်ကရဇာတ်ကောင်တွေဖြစ်တဲ့ Katniss Everdeen၊ Peeta Mellark အဖြစ် ပြန်ပါဝင်လာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက နာမည်တူဝတ္ထုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး ၂၀၂၆ ခုနှစ် နိုဝင်ဘာလမှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။

စာရေးဆရာမ ဆူဇန် ကောလင်းစ်ရဲ့ နာမည်တူစာအုပ်က အခုနှစ်အစောပိုင်းမှာ ထုတ်ဝေခဲ့ပြီး ရက်သတ္တပတ်အတွင်း ကမ္ဘာ့တစ်ဝှမ်းမှာ အုပ်ရေ ၁.၅ သန်းကျော်ရောင်းချခဲ့ရပါတယ်။

Ref: Hunger Games fans thrilled by return of Jennifer Lawrence

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top