ဘောလုံးပရိသတ်တွေက သူတို့ အကြိုက်ဆုံးအသင်းတွေအတွက် ချစ်ခြင်းမေတ္တာနဲ့ အားပေးထောက်ခံမှုကို ပြသဖို့ဆို အတိုင်းအထက်အလွန်ပါပဲ။ NFL ပရိသတ်တစ်ဦးဆိုရင် သူ့အကြိုက်နှစ်သက်ဆုံးအသင်းရဲ့ ကစားသမားတွေနဲ့ နည်းပြတွေရဲ့လက်မှတ်တွေကို ခန္ဓာကိုယ်မှာအပြည့် တက်တူးထိုးထားတာပါ။ သူကတော့ အသက် ၆၀ အရွဘ် ဂလန် တင်မာမန်း ဆိုသူပါပဲ။
တင်မာမန်းက Chicago Bears အသင်းရဲ့ အမာခံပရိသတ်ဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ် (ရင်ဘတ်၊ ဦးခေါင်း၊ လက်၊ ခြေထောက်၊ ဝမ်းဗိုက်၊ နောက်ကျော) မှာ Chicago အသင်းရဲ့ကစားသမားနဲ့ နည်းပြတွေဆီက ရထားတဲ့ လက်မှတ် ၁၅၇ ခု ကို တက်တူးထိုးခဲ့တာပါ။ သူ အနှစ်သက်ဆုံးအသင်းကို အားပေးတဲ့နေရာမှာ သူဟာ အရူးသွပ်ဆုံးအဆင့်ကို ရောက်နေပြီလို့ အင်တာဗျူးတစ်ခုမှာ သူ ဝန်ခံထားပါတယ်။ သူဟာ တက်တူးတွေပြဖို့အတွက် အင်္ကျီချွတ်ထားပြီးတော့ အင်တာဗျူးဖြေကြားခဲ့တာပါ။
အင်တာဗျူးမှာ လက်မှတ်တက်တူး ၁၅၇ ခုရှိကြောင်းနဲ့ ထပ်ပြီး ထိုးဦးမှာဖြစ်တယ်လို့ ပြောပါတယ်။ ပထမဆုံးစထိုးဖြစ်ခဲ့တဲ့တက်တူးကတော့ ကစားသမားဟောင်း Otis Wilson ရဲ့လက်မှတ်ပါပဲ။ Otis Wilson ကို တွေ့လို့ လက်မှတ်ထိုးခိုင်းစဉ်က သူ ဒါကို တက်တူးထိုးဖို့ဆိုတာကို Otis ကို ပြောခဲ့ပါသေးတယ်။
သူ့ခန္ဓာကိုယ်မှာ အကြိုက်ဆုံးတက်တူးက နည်းပြချုပ်ဟောင်း Mike Ditka ရဲ့လက်မှတ်ပါ။ နောက်ထပ် Caleb Williams ရဲ့လက်မှတ်ကို တက်တူးထိုးချင်တယ်လို့ တင်မာမန်းက ပြောထားပါတယ်။
Ref: ‘Craziest’ Chicago Bears Fan Shows Off 157 Tattoos of Players’ and Coaches’ Signatures Blanketing His Body
WL (ရိုးရာလေး)

