မင်္ဂလာပွဲမှာ ကြက်သွန်နီပန်းစည်းကို ကိုင်ခဲ့တဲ့ ဖိလစ်ပိုင်သတို့သမီး

23-1-2023-yyl-216.jpg

ဖိလစ်ပိုင်နိုင်ငံ၊ အီလိုအီလိုမြို့က အသက် ၂၈ နှစ်အရွယ် သတို့သမီး ဧပရယ် လိုက်ကာ ဘွိုင်ရေး နိုဘစ်ဟာ အလေးချိန် ၄ ကီလိုဂရမ်ဝန်းကျင်ရှိတဲ့ ကြက်သွန်နီပန်းစည်းကို လက်ကိုင်ပန်းစည်းအဖြစ် ကိုင်ခဲ့တာပါ။ သူဟာ လူမှုကွန်ယက်ပေါ်မှာ ကြက်သွန်နီတွေနဲ့ပြုလုပ်ထားတဲ့ လက်ကိုင်ပန်းစည်းကို မမြင်တွေ့ခင် ရိုးရာလက်ကိုင်ပန်းစည်းကို ကိုင်ဖို့ လုပ်ခဲ့တာပါ။ နောက်တော့ သူ့သတိုးသားလောင်းကို ကြက်သွန်နီပန်းစည်းကိုင်မယ်ဆိုတဲ့ အကြံဉာဏ်သစ်ကို ပြောပြဖြစ်ခဲ့ပါတယ်။

ပန်းတွေ ညှိုးနွမ်းသွားတဲ့အခါ လွှတ်ပစ်လိုက်ရမှာမို့ မင်္ဂလာပွဲပြီးသွားရင် လွှတ်မပစ်ရဘဲ စားလို့ရနိုင်တဲ့ ကြက်သွန်နီပန်းစည်းလုပ်ပြီး ကိုင်ဖို့ဖြစ်လာခဲ့တယ်လို့ သတို့သမီး ဧပရယ်က ဖိလစ်ပိုင်သတင်းမီဒီယာ Iloilo Metropolitan Times ကို ပြောကြားခဲ့ပါတယ်။ ကြက်သွန်နီပန်းစည်းကို သတို့သမီးတစ်ယောက်တည်းတင် ကိုင်ဆောင်ခဲ့တာမဟုတ်ပါဘူး။ သတို့သမီးအရံတွေကလည်း ကြက်သွန်နီပန်းကုံးတွေကို ကိုင်ဆောင်ခဲ့တာပါ။

ဧပရယ်ဟာ La Union ပြည်နယ်က ကြက်သွန်တင်ပို့သူတစ်ဦးဆီကနေ ကြက်သွန်နီတစ်အိတ်ကို အွန်လိုင်းမှ မှာယူခဲ့ပြီး မင်္ဂလာပွဲမတိုင်ခင် (၄) ရက်အလိုမှာ ရောက်ရှိလာခဲ့တယ်လို့ Philippines News Agency က ဖော်ပြပါတယ်။ ဧပရယ်တို့က ကြက်သွန်နီပန်းစည်းကို ရွေးချယ်လိုက်တာကြောင့် ပန်းစည်းအတွက် ကုန်ကျစရိတ်နည်းနည်းသက်သာသွားခဲ့ပါတယ်။ အစက စီစဉ်ထားတဲ့ ရိုးရာမင်္ဂလာပန်းစည်းအတွက် ကန်ဒေါ်လာ ၂၇၃ ဖယ်ထားခဲ့တာပါ။ ကြက်သွန်နီပန်းစည်းက ကန်ဒေါ်လာ ၁၄၆ ပဲ ကုန်ကျခဲ့တာပါ။

လုံခြုံရေးအရ သတို့သမီးရဲ့လက်ကိုင်ပန်းစည်းပစ်ပေးတဲ့ ဓလေ့ကိုတော့ မလုပ်ဖြစ်ခဲ့ပေမဲ့ မင်္ဂလာပွဲအပြီးမှာ သူတို့ရဲ့ဧည့်သည်တွေကို ကြက်သွန်နီတွေ ဝေပေးခဲ့ပါတယ်။

Ref: Filipino bride carries 4kg bouquet of onions down aisle as price of veggie soars in the Philippines

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top