မင်းသားမာ့ခ် ရက်ဖလိုရဲ့လူသိများတဲ့ဇာတ်ကောင် Hulk ဟာ အခုနှစ်ထဲ ရုံတင်မယ့် Avengers: Doomsday မှာ ပါဝင်လာမှာမဟုတ်ဘူးလို့ သိရပါတယ်။ အသက် ၅၈ နှစ်အရွယ် မာ့ခ်က ၂၀၁၂ ခုနှစ်ရဲ့ The Avengers ကစပြီး Marvel Cinematic Universe မှာ အစိမ်းရောင်ဧရာမဟီးရိုးဇာတ်ကောင် Hulk အဖြစ် ပါဝင်လာခဲ့တာပါ။
Avengers: Doomsday မှာ Hulk ဇာတ်ကောင် ပါဝင်လာမှာမဟုတ်ဘူးဆိုတာကို မာ့ခ်က အတည်ပြုခဲ့တာဖြစ်ပါတယ်။ သူ မပါဝင်ခဲ့ပေမဲ့ အနာဂတ်မှာ Hulk အဖြစ် ပြန်လာဖို့ အမြဲတမ်းအဆင်သင့်ရှိနေတယ်လို့တော့ ပြောခဲ့ပါတယ်။
Hulk ဇာတ်ကောင်က Spider-Man: Brand New Day မှာ ပင့်ကူလူသားဇာတ်ကောင်နဲ့အတူ ပါဝင်လာမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။ Avengers: Doomsday ဇာတ်ကားကိုတော့ ၂၀၂၆ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
Ref: Mark Ruffalo’s Hulk will not appear in Avengers: Doomsday
WL (ရိုးရာလေး)

