ထိုင်းနိုင်ငံ၊ ဟတ်ယိုင်ခရိုင်ရှိ Patong Prathan Khiriwat School မှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ကျောင်းအုပ်ဆရာမကြီးတစ်ဦးဟာ ဒဏ်ရာများနဲ့ သေဆုံးသွားခဲ့ရပါတယ်။ ဆာဆီဖတ် ဆင်ဆာမိုဆွန် အမည်ရတဲ့ ကျောင်းအုပ်ဆရာမကြီးက ကျောင်းရဲ့ဒါရိုက်တာတစ်ယောက်အဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့ ဆရာမတစ်ယောက်ပါ။
ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့ခင်းပိုင်းက အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ဦးဟာ ရဲတစ်ဦးဆီက ခိုးလာခဲ့တဲ့ M4 ရိုင်ဖယ်သေနတ်တဲ့ ကျောင်းထဲဝင်လာခဲ့ပြီး ကျောင်းသူ/သား အယောက် ၃၀၀ ကို ဓားစာခံအဖြစ် ခေါ်ထားခဲ့ပါတယ်။ သူဟာ ကျောင်းအုပ်ဆရာမကြီးနဲ့ ကျောင်းသူလေးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။ ကျောင်းအုပ်ဆရာမကြီး ဆာဆီဖတ်ကို အထူးကြပ်မတ်ကုသဆောင်ကို အမြန်ပို့ဆောင်ခဲ့ပေမဲ့ ကိုယ်တွင်းအင်္ဂါတွေထိခိုက်ခဲ့ပြီး သွေးထွက်လွန်တာကြောင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့ပါတယ်။ ကျောင်းသူလေးကတော့ လတ်တလောမှာ မစိုးရိမ်ရတဲ့အခြေအနေမှာရှိပါတယ်။
နောက်ထပ်ကျောင်းသူလေးတစ်ဦးက ၂ ထပ်တိုက်ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့အခြေအနေကလည်း တည်ငြိမ်နေတယ်လို့ သိရပါတယ်။ ၂ နာရီခန့်ကြာ အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ သေနတ်သမားကို ရဲတွေက ပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ကျောင်းအုပ်ဆရာမကြီးက ကျောင်းပစ်ခတ်မှုအတွင်းမှာ ကျောင်းသူ/သားတွေကို ကာကွယ်ဖို့ သူ့ကို ကျောင်းသူ/သားတွေအစား ဓားစားခံအဖြစ် ဖမ်းဆီးထားဖို့ သေနတ်သမားကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ သေနတ်သမားက ကျောင်းသူလေးတစ်ဦးကို ဓားစားခံအဖြစ် ခေါ်ယူခဲ့တဲ့အချိန်မှာ သူ့ကို ဓားစားခံလုပ်ဖို့ ညှိခဲ့တယ်လို့ ကျောင်းအုပ်ဆရာမကြီးရဲ့လုပ်ဖော်ကိုင်ဖက်ဟောင်းက ပြောကြားထားပါတယ်။
ကျောင်းသူ/သားတွေအစား သူ့ကို ဓားစားခံအဖြစ် ခေါ်ဖို့ ပြောခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်က သူ့ကို သေနတ်နဲ့အပစ်ခံစေခဲ့ရတယ်။ သူ့အသက်နဲ့ ကျောင်းသူ/သားတွေကို ကာကွယ်ပေးခဲ့တဲ့ ဆရာမတစ်ဦးအဖြစ် သူ့လုပ်ရပ်တွေကို အမှတ်ရနေမှာပါလို့ ထိုင်းပညာရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
Ref: Thai principal, 54, who shielded students during school shooting & told gunman to take her hostage instead, dies
WL ( ရိုးရာလေး )

