“MPT နဲ့ဆိုရင် နေ့ရက်တိုင်းဟာ ထူးခြားတဲ့ နေ့ရက်တွေပါ” ဆိုသည့်အတိုင်း သုံးစွဲသူများအတွက် သတ်မှတ်ထားသည့် ကဏ္ဍအလိုက် အထူးခံစားခွင့်များကို နေ့စဉ်ရယူလိုက်ပါ။
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် ဆန်းသစ်ပြီး တန်ဖိုးထားပေးစွမ်းမှုများမှတစ်ဆင့် သုံးစွဲသူများ၏ နေ့စဉ် ဒီဂျစ်တယ်အတွေ့အကြုံများကို မြှင့်တင်ပေးရန်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ ယခုလိုရည်ရွယ်ချက်နှင့်အတူ MPT သုံးစွဲသူများ အတွက် ၎င်းတို့နှစ်သက်ရာ မိုဘိုင်းဝန်ဆောင်မှုများကို ဝယ်ယူချိန်တိုင်းတွင် စိတ်ဝင်စားဖွယ်ရာ ပြန်အမ်းငွေများ၊ MPT Club ပွိုင့်များနှင့် အထူးခံစားခွင့်များကို အပတ်စဉ်တိုင်းအတွက် နေ့စဉ်ရရှိနိုင်မည့် စိတ်လှုပ်ရှားဖွယ် “Daily Flash” ပရိုးမိုးရှင်း အစီအစဉ်သစ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ လစဉ် (၅)ရက်၊ (၁၅)ရက်၊ (၂၅)ရက် တို့တွင်ဆောင်ရွက်သည့် ၃ ရက်တာ Special Flash ပရိုမိုးရှင်းမှသည် ပိုမိုကောင်းမွန်သော နေ့စဉ် campaign အဖြစ်သို့ တိုးတက် ပြောင်းလဲပြီး MPT သည် ပို၍ကောင်းမွန်သော အကျိုးခံစားခွင့်များကိုဆက်လက်၍ နေ့စဉ် ပေးအပ်သွားမည်ဖြစ်ပါသည်။
MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ်သုံးစွဲသူများအားလုံး မည့်သည့်နည်းလမ်းဖြင့်မဆို သတ်မှတ်ထားသည့် ကြိုက်နှစ်သက်ရာ ပက်ကေ့ခ်ျများ (အသံ၊ ဒေတာ၊ ထောဘီ၊ တန်ဖိုးထပ်ဆောင်းဝန်ဆောင်မှုများ၊ အထူးခံစားခွင့်များ အစရှိသည့်) ကို ဝယ်ယူခြင်းခြင့် အဆိုပါ ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ သုံးစွဲသူများအနေဖြင့် အောက်ဖော်ပြပါဇယားအတိုင်း နေ့စဉ်အထူးအစီအစဉ်များကို ရယူခံစားနိုင်ပါသည်။

ပြန်အမ်းငွေခံစားခွင့်များကို MPT အချင်းချင်း ဖုန်းခေါ်ဆိုခွင့်၊ SMS (စာတို) ပေးပို့ခွင့်၊ ဒေတာအသုံးပြုမှုအတွက် သုံးသလောက်ပေး (Pay As You Go) နှုန်းထားဖြင့် ၅ ရက်တာ သက်တမ်းအတွင်း အသုံးပြုနိုင်ပါသည်။
MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “ကျွန်တော်တို့ရဲ့ Daily Flash အစီအစဉ်က သုံးစွဲသူတွေအတွက် စမတ်ကျပြီး ပိုမိုကောင်းမွန်တဲ့ ဒီဂျစ်တယ်အတွေ့အကြုံ အထူးလက်ဆောင်တွေ ပေးအပ်နိုင်ဖို့ အလေးထား ဆောင်ရွက်ထားတဲ့ ကျွန်တောတို့ရဲ့ ဗျူဟာမြောက်အားထုတ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ ဖျော်ဖြေရေးနဲ့ ဆုလက်ဆောင်တွေကို နေ့ရက်အလိုက် အထူးကမ်းလှမ်းချက်တွေနဲ့ ပေးအပ်လိုက်ခြင်းကတစ်ဆင့် ကျွန်တော်တို့အနေနဲ့ သုံးစွဲသူတွေအတွက် အကျိုးကျေးဇူး အများဆုံးရရှိစေဖို့၊ ဈေးနှုန်းသက်သာဖို့နဲ့ သုံးစွဲသူတွေနဲ့ ပိုပြီးနီးကပ်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့အတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ဆက်လက်ပြီး ကြိုးပမ်းဆောင်ရွက်နေပါတယ်။” ဟုပြောကြားခဲ့ပါသည်။
MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူး တင်ရှိပါသည်။ MPT အနေဖြင့်လည်း သုံးစွဲသူများသို့ ခေတ်မီ နည်းပညာများနှင့် ဆန်းသစ်သော ဝန်ဆောင်မှုများ၊ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် စဉ်ဆက်မပြတ် အားထုတ်ဆောင်ရွက်လျက်ရှိပါသည်။
MPT ၏ “Daily Flash” အစီအစဉ်၊ အခြားသော အထူးပရိုမိုးရှင်းအစီအစဉ်များ၊ MPT ၏ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်သည့်အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
NZ (ရိုးရာလေး)

