Burmese Ghouls အသင်းသည် Mobile Legends Professional League (MPL) Season 3 တွင် Champion ဖြစ်ခဲ့

Photo-4.jpg

အရှေ့တောင်အာရှတွင် နာမည်ကျော်လူကြိုက်အများဆုံး ဗီဒီယို ဂိမ်းတစ်ခုဖြစ်သော Mobile Legends မှ ၎င်း၏ မြန်မာနိုင်ငံတွင် တတိယအကြိမ်မြောက် Mobile Legends Professional League (MPL) ပြိုင်ပွဲကို ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်အတွင်းရှိ Yangon Convention Center(YCC) တွင် ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ ထိုပြိုင်ပွဲတွင် မြန်မာလူငယ်ဂိမ်းကစားသမားအသင်းများမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၆၀၀၀ တန်ဖိုးရှိ ဆုကြေးငွေများပေးအပ်ခဲ့သည်။ ချန်ပီယံအသင်းသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မလေးရှားနိုင်ငံ၌ ကျင်းပပြုလုပ်သွားမည့် နိုင်ငံတကာအဆင့် Mobile Legends BB World Championship (M1) ပြိုင်ပွဲကြီးသို့ သွားရောက်၍ အခြားနိုင်ငံမှ ထိပ်တန်းကစားသမားများနှင့် ယှဉ်ပြိုင်ကစားနိုင်မည့် စိတ်လှုပ်ရှားဖွယ် အခွင့်အရေးကြီးကိုလည်း ရရှိမည်ဖြစ်သည်။

နိုင်ငံတကာတွင် ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Moonton technology မှ စီစဉ်ကျင်းပသော Mobile Legends Professional League (MPL) ပြိုင်ပွဲကြီးသည် မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ပြိုင်ပွဲများအနက် နာမည်ကျော်လူကြိုက်အများဆုံးပြိုင်ပွဲတစ်ခု ဖြစ်သည်။ ဤပြိုင်ပွဲကို Telenor, KBZ နှင့် Huawei တို့မှ အဓိက စပွန်ဆာများအဖြစ် ပံ့ပိုးကူညီပေးခဲ့သည်။ ဆက်သွယ်ရေးနည်းပညာပိုင်းတွင် ဦးဆောင်နေသော Telenor နှင့် ကမ္ဘာ့စမတ်ဖုန်းနယ်ပယ်တွင် ထိပ်တန်းဦးဆောင်နေသော Huawei ကုမ္ပဏီတို့သည် E-sports ကဏ္ဍကို စဉ်ဆက်မပြတ် ပံ့ပိုးပေးလာလျက်ရှိပြီး ထိုကဲ့သို့ နည်းပညာနှင့် ဆက်သွယ်ရေးကုမ္ပဏီကြီးများ၏ ပါဝင်လာမှုကြောင့် E-sports ပြိုင်ပွဲများကို ယခင်ကထက်ပိုမို တိုးတက်လာပြီး ဝါသနာရှင် မည်သူမဆို လွယ်ကူစွာ ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့်အရေးများကို ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ Mobile Legends Professional League (MPL) Season 3 အတွက် Registration ကို ၂၀၁၉ခုနှစ်၊ ဇူလိုင်လ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စုစုပေါင်း ကစားသမားအသင်း ၂၅၆ သင်းပါဝင်ယှဉ်ပြိုင်ခဲ့သည်။ပထမအဆင့် အွန်လိုင်းပြိုင်ပွဲတွင် အသင်းများကိုအဖွဲ့ ၄ ဖွဲ့ ခွဲထားပြီးယှဉ်ပြိုင်စေခဲ့ရာ အနိုင်ရရှိခဲ့သော အသင်းများဖြစ်ကြသည့် Mega Myanmar, Team Cyanide, Outworld နှင့် Narcos Esport တို့အပြင် Mobile Legends Professional League (MPL) Season 2 မှ တိုက်ရိုက်တက်လှမ်းခွင့်ရရှိခဲ့သော အသင်း ၄ သင်း YG, BG, Claw နှင့် Illusion စုစုပေါင်းအသင်း ၈ သင်းမှ ဒုတိယအဆင့် Regular Season ပြိုင်ပွဲသို့တက်ရောက်ခွင့် ရခဲ့ကြသည်။ ထို့အဆင့်ပြိုင်ပွဲများမှ Season 3 ကျင်းပသော ဖိုင်နယ်ပြိုင်ပွဲကြီးကိုအသင်း ၆ သင်းမှ တက်ရောက်ရန်အရည်အချင်း ပြည့်မီခဲ့ပြီး ထိုအသင်းများမှာ Burmese Ghouls, Team Cyanide, Claw Esports, Mega Myanmar, Outworld Esports နှင့် Yangon Galaticos တို့ဖြစ်ကြသည်။ ပြိုင်ပွဲတွင် ထိုအသင်း ၆သင်းမှ ချန်ပီယံဆုနှင့် မလေးရှားနိုင်ငံတွင် သွားရောက်ယှဉ်ပြိုင်ရမည့် အခွင့်အရေးအတွက် အချင်းချင်းယှဉ်ပြိုင်ကစားခဲ့ကြသည်။

MPL MM S3 ပြိုင်ပွဲတွင်အနိုင်ရရှိသွားခဲ့သော Burmese Ghouls ချန်ပီယံအသင်းကိုဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃၀၀၀ အပြင် အရှေ့တောင်အာရှနိုင်ငံများမှထိပ်တန်းကစားသမားများနှင့်ယှဉ်ပြိုင်ခွင့် အခွင့်အရေးကိုလည်း ရရှိမည် ဖြစ်သည်။ 1st Runner Up ရရှိသွားခဲ့သည့် Team Cyanide အသင်းကို အမေရိကန်ဒေါ်လာ ၆၀၀၀၊ 2nd Runner Up ရရရှိခဲ့သည့် Claw Esports အသင်းကိုအမေရိကန်ဒေါ်လာ ၃၀၀၀၊ 3rd Runner Up ရရှိခဲ့သည့် Yangon Galacticos အသင်းကို အမေရိကန်ဒေါ်လာ ၂၀၀၀၊ 4th and 5th Runner Up ရရှိခဲ့သည် MEGA Myanmar အသင်းကိုနှင့် Out World Esports အသင်းကို အမေရိကန်ဒေါ်လာ ၁၀၀၀ စီ ဆုကြေးငွေများ အသီးသီးချီးမြှင့်ပေးသွားခဲသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top