အဆိုတော်ရီဟားနားရဲ့အိမ်ကို သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့

rehina.jpg

အမျိုးသမီးတစ်ဦးဟာ မတ်လ ၈ ရက်နေ့က ကမ္ဘာကျော်အဆိုတော်ရီဟားနားရဲ့ကယ်လီဖိုးနီးယားပြည်နယ်၊ ဘယ်ဗာလီ ဟေးလ်စ်မြို့ရှိ နေအိမ်ကို သေနတ်နဲ့ အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပြီး ကျည်ဆန်တစ်တောင့်က အိမ်ရဲ့နံရံကို ဖောက်ဝင်သွားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာပိုင်တွေက မတ်လ ၈ ရက်နေ့ နေ့ခင်း ၁ နာရီ ၂၁ မိနစ်မှာ ပစ်ခတ်မှုအပေါ် တုံ့ပြန်ဆောင်ရွက်ခဲ့ကြပြီး အသက် ၃၀ အရွယ် သံသယရှိသူအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ရီဟားနားက ပစ်ခတ်မှုဖြစ်ပွားတဲ့အချိန်မှာ အိမ်မှာ ရှိနေခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး။ အိမ်ခြံဝင်းဂိတ်ရဲ့ လမ်းတစ်ဖက်ရှိ မော်တော်ယာဉ်တစ်စီးပေါ်ကနေ သေနတ်နဲ့ ခန့်မှန်းခြေ ၁၀ ချက်လောက် ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Ref: Shots fired at Rihanna’s house in Beverly Hills, no injuries reported, media say

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top