၂၀၀၆ ခုနှစ် မတ်လတုန်းက ပစိဖိတ်သမုဒ္ဒရာထဲမှ ဝေးလံခေါင်သီတဲ့ သန္တာကျွန်းငယ်လေးတစ်ခုပေါ်မှာ အီလွန်မတ်စ်နဲ့အတူ ခြေကုန်လက်ပန်းကျနေတဲ့ အင်ဂျင်နီယာတစ်စုက စမ်းသပ်လွှတ်တင်မှု မအောင်မြင်ခဲ့တဲ့ Falcon 1 ဒုံးပျံရဲ့ အပိုင်းအစတွေကို လိုက်လံကောက်ယူနေခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။
ဒုံးပျံ စမ်းသပ်လွှတ်တင်မှု ၃ ကြိမ်တိုင်တိုင် မအောင်မြင်ခဲ့လို့ ကုမ္ပဏီမှာ ရှိသမျှ ငွေကြေးအားလုံးနီးပါး ကုန်ခမ်းသွားခဲ့ပြီးတဲ့နောက်မှာတော့ SpaceX ကုမ္ပဏီ နိဂုံးချုပ်သွားပြီလို့ ထင်မှတ်စရာဖြစ်ခဲ့ပေမဲ့ သူတို့ကတော့ လက်မလျှော့ခဲ့ကြပါဘူး။
၂၀၀၈ ခုနှစ် စက်တင်ဘာလမှာတော့ ၄ ကြိမ်မြောက် လွှတ်တင်မှု အောင်မြင်ခဲ့သလို ၅ ကြိမ်မြောက် လွှတ်တင်မှုမှာလည်း ဂြိုဟ်တုတစ်လုံးကို ကမ္ဘာ့ပတ်လမ်းထဲ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

နှစ်ပေါင်း နှစ်ဆယ်အကြာမှာတော့ SpaceX ကုမ္ပဏီဟာ ကမ္ဘာကို ၁၄ ပတ်ပတ်ပြီး ပြန်ဆင်းလာတဲ့ ၅၂ မီတာ အရှည်ရှိ Starship ဒုံးပျံကို မြေပြင်ပေါ်မှ စက်ရုပ်လက်တံ ၂ ဖက်နဲ့ အောင်မြင်စွာ ဖမ်းယူပြနိုင်ခဲ့ပါတယ်။
ဒါဟာ နှစ်ပေါင်း နှစ်ဆယ်လုံးလုံး မအောင်မြင်ခဲ့တဲ့ စမ်းသပ်မှုတွေ၊ ပေါက်ကွဲပျက်စီးမှုတွေ၊ ကျရှုံးမှုတွေကနေ ပြန်လည်ရုန်းထပြီး ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်မှုကနေ ရရှိလာတဲ့ အသီးအပွင့်ပါပဲ။
Ref: Falcon 1 wreckage to Starship Ship 42 in 20 years
NZ (ရိုးရာလေး)

