သမီးဦးလေးမွေးဖွားလိုက်တဲ့ အေဗရယ် လာဗင်း

ba-1.jpg

နာမည်ကျော်အဆိုတော် အေဗရယ် လာဗင်းဟာ သမီးဦးလေးကို မွေးဖွားလိုက်ပါပြီ။ အသက် ၄၂ နှစ်အရွယ် အေဗရယ်ဟာ သမီးလေးမွေးဖွားပြီးပြီဆိုတာကို အဖြူအမဲဓာတ်ပုံတချို့နဲ့ သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ကြေညာခဲ့တာပါ။ “ကျွန်မတို့ရဲ့မင်းသမီးအသေးစားလေးရောက်ရှိလာပါပြီ”လို့လည်း ရေးသားထားပါတယ်။ ကလေးရဲ့ဖခင်က ဘယ်သူဘယ်ဝဆိုတာကိုတော့ ထုတ်ပြောမထားပါဘူး။

၂၀၂၄ ခုနှစ်ကတော့ “the Call Her Daddy” အစီအစဉ်မှာ သူ့ရဲ့အချစ်ရေးနဲ့ပတ်သက်ပြီး ထုတ်ပြောပြခဲ့ဖူးပါတယ်။ လက်ရှိ သူ့ရဲ့လက်တွဲဖော်က ဘယ်သူလဲဆိုတာကိုတော့ မသိရပါဘူး။ အရင်က အေဗရယ်က အဆိုတော် Deryvk Whibley၊ အဆိုတော် Chad Kroeger တို့နဲ့ လက်ထပ်ခဲ့ဖူးပါတယ်။

Ref: Avril Lavigne welcomes baby girl

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top