ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် ဒေါ်လာ (၁၀) ဘီလျံ မတည်ပေးသွားမယ့် အမေဇုံကုမ္ပဏီရဲ့စီအီးအို ဂျက်ဖ် ဘီဇို့စ်

yyl-004-10.jpg

ကမ္ဘာ့အချမ်းသာဆုံးအမျိုးသားလည်းဖြစ်၊ အမေဇုံကုမ္ပဏီကို တည်ထောင်သူလည်းဖြစ်တဲ့ ဂျက်ဖ် ဘီဇို့စ်ဟာ ကမ္ဘာလုံးဆိုင်ရာရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် Bezos Earth Fund အဖွဲ့အစည်းကို တည်ထောင်ရင်း ရန်ပုံငွေ ဒါ်လာ (၁၀) ဘီလျံကို မတည်မှာဖြစ်ကြောင်း ကတိပေးခဲ့တယ်လို့ သိရပါတယ်။

အသက် (၅၆) နှစ်ရှိပြီဖြစ်တဲ့ ဂျက်ဖ် ဘီဇို့စ်က ‘ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်မှုအစီအစဉ်ကို စတင်ဖို့အတွက် မတည်မှာဖြစ်ပြီး အဲဒီနောက်မှာ ထောက်ပံ့ငွေအတွက် ဆွေးနွေးသွားမှာဖြစ်တယ်ဆိုတာကို အင်စတာဂရမ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့အားလုံးမှာ ရှိတာတူတာဆိုလို့ ကမ္ဘာကြီးပါပဲ။ ကမ္ဘာကြီးကို အတူတကွ ကာကွယ်ကြရအောင်” လို့ ပြောပါတယ်။

ဒီအစီအစဉ်က Bezos Day 1 Fund လို့ခေါ်တဲ့ ပဏာမခြေလှမ်းပြီးတဲ့နောက်မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဂျက်ဖ် ဘီဇို့စ်က Bezos Day 1 Fund ကို ၂၀၁၈ခုနှစ် စက်တင်ဘာလက ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အိမ်ရာမဲ့မိသားစုတွေကို နေစရာရဖို့အတွက် ဒေါ်လာ (၂) ဘီလျံမတည်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလမှာ အခြားအဖွဲ့အစည်း (၃၂) ခုကို ဒေါ်လာ (၉၈.၅) သန်းလှူဒါန်းသွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲဒီလိုလှူဒါန်းရမှာ  အမေရိက က အဖွဲ့အသီးသီးကို ဒေါ်လာ ၁.၂၅ သန်းကနေ ၅ သန်းအထိ ခွဲဝေလှူဒါန်းခဲ့ပါတယ်။

Ref: Jeff Bezos Pledges $10 Billion To Fight Climate Change

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top