မင်းသားရန်ဘီယာ ကပူးရ်ပါဝင်ထားတဲ့ Ramayana ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြီး ၁၁ ရက်မြောက်နေ့မှာ ရုံတင်ငွေ ကန်ဒေါ်လာ ၁၆၄.၈ သန်းအထိရှိလာ

ra.webp

Ramayana အိန္ဒိယရုပ်ရှင်ကားသစ်ဟာ ရုံတင်ပြီး ၁၁ ရက်မြောက်နေ့မှာ ကမ္ဘာတစ်ဝန်း ကန်ဒေါ်လာ ၁၆၄.၈ သန်းအထိရှိခဲ့ပါတယ်။  ဒီပမာဏဟာ “Dhurandhar 2” ဇာတ်ကားရဲ့ (၁၁) ရက်မြောက်နေ့ စုစုပေါင်း ကမ္ဘာတစ်ဝန်း ရုံတင်ဝင်ငွေဖြစ်တဲ့ ကန်ဒေါ်လာ၁၆၁.၃ သန်း

ကို ကျော်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီရုံတင်ငွေကြောင့် Ramayana ဇာတ်ကားဟာ ကမ္ဘာတစ်ဝန်း ဝင်ငွေအကောင်းဆုံး အိန္ဒိယရုပ်ရှင်ဇာတ်ကား စာရင်းမှာ အဆင့် (၅) နေရာကို ရောက်ရှိလာခဲ့ပြီး KGF: Chapter 2, RRR, Jawan နဲ့ Pathaan တို့လို နာမည်ကြီးဇာတ်ကားတွေရဲ့ တစ်သက်တာ ဝင်ငွေစံချိန်တွေကိုပါ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘောလိဝုဒ်ရုပ်ရှင်သမိုင်းမှာ ဒုတိယမြောက် တနင်္ဂနွေနေ့ (2nd Sunday) ဝင်ငွေအကောင်းဆုံး စံချိန်သစ်ကိုလည်း တင်နိုင်ခဲ့ပါတယ်။

ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Nitesh Tiwari ရိုက်ကူးပြီး ရာမ အဖြစ် Ranbir Kapoor၊ သီတာ အဖြစ် Sai Pallavi နဲ့ ရာဝဏအဖြစ် Yash တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Ref: Ramayana Box Office Collection Day 11: Film Crosses Rs 1,300 Crore Mark Globally, Beats Dhurandhar 2’s Earnings

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top