ဂျပန်ကုမ္ပဏီ Shimadzu Corp က ထုတ်လုပ်တဲ့ Aether Clock OC 020 နာရီဟာ ကမ္ဘာ့အချိန်အတိကျဆုံးနာရီလို့ သတ်မှတ်ခံထားရပြီး နာရီတစ်လုံးတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃ သန်းကျော် ( မြန်မာငွေ ၁၃ ဘီလျံ) ကျသင့်မှာ ဖြစ်ပါတယ်။
နာရီဆိုပေမဲ့ မြင်ဖူးနေကြ နာရီတစ်လုံးပုံစံမျိုးမဟုတ်ဘဲ ရေခဲသေတ္တာငယ်တစ်လုံးနဲ့ ပိုတူပါတယ်။ ၃ ပေ အမြင့်ရှိပြီး လီတာ ၂၅၀ ဝင်ဆံ့တဲ့ အတိုင်းအတာမျိုး ရှိပါတယ်။ ကျိုတိုမြို့ အခြေစိုက် Shimadzu Corp က ထုတ်လုပ်တဲ့ ဒီနာရီဟာ ဘယ်လောက်အထိ တိကျသလဲဆိုရင် နှစ်ပေါင်း ၁၀ ဘီလျံ ကြာသွားချိန်မှသာ အချိန်တစ်စက္ကန့်လောက် လွဲချော်သွားနိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိအသုံးပြုနေတဲ့ တစ်စက္ကန့် သတ်မှတ်ချက်နှုန်းစံ (cesium atomic clock) နာရီတွေထက် optical lattice clock အမျိုးအစားဖြစ်တဲ့ Aether Clock OC 020 နာရီက အဆ ၁၀၀ ပိုတိကျတယ်လို့ ဆိုပါတယ်။ နာရီတစ်လုံးတန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၃.၃ သန်းကျော်ရှိပြီး နာရီတစ်လုံး ရောင်းချထားပြီး ဖြစ်ပါတယ်။ Shimadzu Corp ကတော့ လာမယ့် ၃ နှစ်အတွင်း နာရီ ၁၀ လုံး ရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
Ref: Aether Clock OC 020 – The World’s Most Accurate Clock
NZ ( ရိုးရာလေး)