Like အရေအတွက်သတ်မှတ်မှုကိုပယ်ဖျက်ဖို့ Facebook ကစတင်စီစဉ်

img11-2.jpg

Like တွေ reaction တွေအများကြီးနဲ့ ပို့စ်တစ်ခုက ပီတိဖြစ်စရာဖြစ်ပေမဲ့ ပို့စ်မှာ like နည်းနေတဲ့အခါမျိုးဆိုရင် စိတ်ပျက်သလို ဝမ်းနည်းသလို ခံစားမိလာတတ်တာမျိုးကို Facebook သုံးသူအများစု ဖစ်ဖူးကြပါလိမ့်မယ်။

ဒါဟာ သုံးစွဲသူတွေအကြား “သူသာတယ်” “ငါသာတယ်”လို့ နှိုင်းယှဉ်ရှုမြင်တာတွေကြောင့် ဝန်တိုမစ္ဆရိယစိတ်တွေပေါ်လာတဲ့သဘောပါပဲ။ အခုတော့ အဲဒီလိုအဆင်မပြေဖြစ်မှုတွေကို ပြေလည်အောင်ဖြေရှင်းဖို့ Facebook က လုပ်ဆောင်တော့မှာဖြစ်ပြီး လုပ်ဆောင်မယ့်အစီအစဉ်ကတော့ Like အရေအတွက်သတ်မှတ်ချက် ကိုဖယ်ရှားပစ်ခြင်းလို့ ကြေညာလိုက်ပါတယ်။

အဓိကရည်ရွယ်ရင်းကတော့ သုံးစွဲသူတွေအကြားမှာ အပြိုင်အဆိုင်နဲ့ မနာလိုဝန်တိုမှုတွေမရှိစေလိုတာကြောင့်ဖြစ်ပြီး Like အရေအတွက်များများမရလို့ စိတ်အလိုမကျခံစားနေရတာမျိုးတွေမရှိစေလိုတာကြောင့်အပြင် အသုံးပြုသူက like မရနိုင်ဘူးလို့ သူထင်တဲ့ပို့စ်တစ်ခုကိုဖျက်ပစ်လိုက်တာ၊ မျှဝေဖို့စိတ်မကူးတော့တာမျိုးကိုလည်း တားဆီးလိုတဲ့သဘောလည်းပါဝင်ပါတယ်။

လက်ရှိမှာ ဒီလိုဖယ်ရှားပစ်ဖို့အတွက် စမ်းသပ်မှုတွေလုပ်ဆောင်နေတာကို ကုမ္ပဏီဘက်ကလည်း အတည်ပြုထားပါပြီ။ Facebook ဟာ သူ့ရဲ့သုံးစွဲသူဦးရေနဲ့ ကြော်ငြာခတွေကို ဒီအစီအစဉ်ကြောင့်ဆုံးရှုံးလိုက်ရတာမျိုးနဲ့ ကြုံရဖို့တော့ ရှိနေပါတယ်။ ဒါပေမဲ့လည်း အသုံးပြုတွေပြန်ရနိုင်မယ့်အကျိုးတွေနဲ့ယှဉ်ကြည့်မယ်ဆို ပို့စ် Engagement ပမာဏနည်းနည်းလောက်လျော့သွားတာက တန်တယ်လို့ တွေးမယ်ဆိုလည်း တွေးလို့ရနေပါတယ်။

Like အရေအတွက်သတ်မှတ်ချက်ကို တကယ်တမ်းဖယ်ရှားပစ်လိုက်ရင် အသုံးပြုတွေက ဖိအားကင်းကင်းနဲ့အသုံးပြုနိုင်လာမှာဖြစ်စလို ရေးသားမျှဝေမှုတွေကိုလည်း လွတ်လွတ်လပ်လပ်နဲ့ အများအပြား ပြုလုပ်နိုင်လာအောင် တိုက်တွန်းအားပေးသလိုလည်းဖြစ်သွားစေပါတယ်။

လက်ရှိ Facebook အသုံးပြုသူနေသူတွေက like အရေအတွက်များများမရတော့တာကို သည်းခံနိုင်စွမ်းမရှိဘဲ တခြား app တွေဆီကူးပြောင်းသွားချေရှိနေတဲ့အတွက် Facebook ရဲ့ ပုံရိပ်ကျဆင်းလာမလားဆိုတာကိုတော့ ကျိန်းသေပေါက်မပြောနိင်သေးပါဘူး။

Ref: Tech Crunch “Now Facebook says it may remove like counts”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top