ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူရာမှာ သစ်ပင်တွေထက် အဆ ၁၀၀၀ ပိုစုပ်ယူနိုင်တဲ့ သစ်ပင်တုများ

tree.jpg

လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို စုပ်ယူရာမှာ သစ်ပင်တွေထက် အဆ ၁၀၀၀ ပိုမိုစုပ်ယူနိုင်စွမ်းရှိတဲ့ သစ်ပင်အတုတွေကို အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေက ဖန်တီးခဲ့ကြပါတယ်။

ဒေါက်တာကလော့စ်လက်ဂ်နာ ဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ တီထွင်ဖန်တီးခဲ့တဲ့ သစ်ပင်အတုတွေဟာ စွမ်းအင်အသုံးပြုဖို့ မလိုဘဲ လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကို စုပ်ယူပေးနိုင်စွမ်း ရှိတာကြောင့် ကမ္ဘာကြီး ပူနွေးလာမှုကို တွန်းလှန်တိုက်ဖျက်ဖို့ အလှည့်အပြောင်းတစ်ရပ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

စိုထိုင်းဆအပေါ် အခြေခံပြီး Direct Air Capture (DAC) လို့ အမည်ရတဲ့စနစ် အသုံးပြုကာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဖမ်းယူတာ ဖြစ်ပါတယ်။

Ref: Artificial Trees That Clean the Air 1000x Faster!

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top