ဗင်နီဇွဲလားအလှမယ်တွေအကြား စွပ်စွဲမှု ပြင်းထန်နေတဲ့ လိင်ပိုင်းဆိုင်ရာ စာရိတ္တပျက်ပြားမှုများ

migbelis-lynette-castellanos.jpg

ဗင်နီဇွဲလားနိုင်ငံရဲ့ ယခင် အလှမယ်ပြိုင်ပွဲဝင်တွေက ယခုနှစ် ပြိုင်ပွဲဝင်တွေဟာ အလှမယ်ကျင့်ဝတ်ကို သွေဖယ်ပြီး လိင်ပိုင်းဆိုင်ရာ စာရိတ္တပျက်ပြားမှုတွေ ရှိနေတယ်လို့ လူမှုစာမျက်နှာပေါ် အချင်းချင်းပြင်းထန်စွာ ဝေဖန်စွပ်စွဲမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အလှမယ် ရွေးခယ်အကဲဖြတ်အဖွဲ့ဟာ အဲဒီကိစ္စရပ်နဲ့ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အလှမယ် ပြိုင်ပွဲဝင်ဟောင်းတချို့က ယခုနှစ် အလှမယ်ပြိုင်ပွဲဝင်တွေဟာ စာရိတ္တပျက်ပြားနေတဲ့ လုပ်ငန်းရှင်တွေရယ်၊ အရာရှိတွေရယ်ကို လိင်ပိုင်းဆိုင်ရာ သွေးဆောင်ဖြားယောင်းမှုတွေ ပြုလုပ်နေကြောင်း စောင်းမြောင်း ပြောဆိုတဲ့စာတွေကို လူမှုစာမျက်နှာပေါ် တင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံ အလှမယ်အဖွဲ့အစည်းကလည်း “လူမှုစာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ကိစ္စရပ်တွေဟာ ပြိုင်ပွဲရဲ့စည်းမျဉ်းနဲ့ တန်ဖိုးတွေကို ထိပါးစော်ကားရာရောက်နေတဲ့အတွက် ပြိုင်ပွဲတစ်လျှောက် ပါဝင်ပတ်သတ်ခဲ့တဲ့သူတွေနဲ့ အတွင်းပိုင်း အဖွဲ့အစည်းတွေအထိ အားလုံးကို စုံစမ်းစစ်ဆေးမှုတွေ ပြန်လည်ပြုလုပ်သွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အဖွဲ့အစည်းအနေနဲ့ လူထု စိတ်ဝင်စားမှုနည်းပါးလှတဲ့ အမျိုးသား သရုပ်ဆောင်ရွေးပွဲကို ခေတ္တရပ်ဆိုင်းထားမယ့်အပြင် လေ့ကျင့်ရေးပစ္စည်းတွေ ထောက်ပံ့ပေးတာကိုလည်း ယာယီ ဆိုင်းငံ့ထားဦးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလတိုင်းမှာ ကျင်းပမြဲဖြစ်တဲ့ ဗင်နီဇွဲလား အလှမယ်ပြိုင်ပွဲအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိလာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ဗင်နီဇွဲလား အလှမယ်ပြိုင်ပွဲနဲ့ ပတ်သတ်တဲ့ အခွင့်အာဏာကိုတော့ ဗင်နီဇွဲလား လူကုံထံမိသားစုရဲ့ Grupo Cisneros က ပိုင်ဆိုင်တာပဲ ဖြစ်ပါတယ်။

ဗင်နီဇွဲလားသူတွေရဲ့အလှဟာ ကမ္ဘာတစ်ဝန်းအလှမယ်ပြိုင်ပွဲတွေကြား အထူး ထင်ရှားပြီး မယ်စကြာဝဠာနဲ့ အခြားသော အလှမယ်ပြိုင်ပွဲတွေမှာလည်း ဆုပေါင်းများစွာကို ဆွတ်ခူးခဲ့ကြတာ ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေ အကြားမှာ ရင်သားခွဲစိတ်ပြုပြင်မှုနဲ့  အခြား အလှအပဆိုင်ရာ ခွဲစိတ်မှုတွေကိုလည်း အများဆုံး ပြုလုပ်တဲ့နိုင်ငံအဖြစ် မှတ်တမ်းဝင်ထားပါသေးတယ်။

Ref : Miss Venezuela pageant suspended amid cash for sex scandal

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top