မိုးသီးကြွေတဲ့ဒဏ်ကြောင့် လေယာဉ်ထိပ်ဖူး ပျက်စီးသွားပေမဲ့ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့တဲ့ လေယာဉ်

10.6.2024-yyl-6.jpg

မိုးသီးကြွေတဲ့ဒဏ်ကြောင့် လေယာဉ် ထိပ်ဖူး ပျက်စီးပြီး ရှေ့မှန်ကွဲအက်သွားခဲ့ပေမဲ့ သြစတြီးယားလေကြောင်းလိုင်းရဲ့ လေယာဉ်တစ်စီးဟာ ဗီယင်နာမြို့ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ သက်တမ်း ၂၃ နှစ်ရှိတဲ့ Airbus SE A320 လေယာဉ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညနေ ၃ နာရီ ၅၅ မိနစ်အချိန်က Palma de Mallorca လေဆိပ်ကနေ ထွက်ခွာပြီးနောက် မိုးသက်မုန်တိုင်း ကြုံခဲ့ပြီး မိုးသီးကြွေကျတဲ့ဒဏ် ခံခဲ့ရတာပါ။

အွန်လိုင်းပေါ်မှ ဓာတ်ပုံတွေအရ လေကြောင်းအမှတ် OS434 လေယာဉ်ဟာ လေခွင်းအားကောင်းအောင် ထည့်သွင်းထားတဲ့ လေယာဉ်ဦးပိုင်း ထိပ်ဖူး ပဲ့ထွက်သွားပြီး မိုးသီးထိမှန်တဲ့ တခြားနေရာတွေမှာလည်း ပိန်ချိုင့်နေတာ တွေ့ရပါတယ်။ ဒါ့အပြင် လေယာဉ်မှူးတွေရှေ့တည့်တည့် မှန် ၂ ချပ်ကလည်း ကွဲအက်သွားခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်ကို ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

Ref: Austrian flight lands safely after hailstones rip away nose cone

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top