25.9.23-yyl-7.jpg

အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ပြီးနောက် အဖုံးဖွင့်ထားတဲ့ အခေါင်းနားကပ်ပြီး အချိန်ကြာရှည်စွာ မနေကြဖို့ ဂျပန်နိုင်ငံမှာ သတိပေးထား

ဂျပန်မှာ အလောင်းတွေ မပုပ်သိုးအောင် ရေခဲခြောက်ကို အသုံးပြုလေ့ရှိတယ်။ အဲဒီရေခဲခြောက်ကနေ ထွက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့တွေ ရှူသွင်းမိပြီး ဂျပန်မှာ အနည်းဆုံး လူ ၄ ယောက် သေဆုံးခဲ့တယ်။ အဲဒီနောက်မှာတော့ အဖုံးဖွင့်ထားတဲ့ အခေါင်းတွေနား သိပ်မကပ်ကြဖို့…

25.9.23-yyl-1.jpg

ဖြစ်နိုင်ခြေကို လွန်ဆန်ပြီး ရှင်သန်ခဲ့တဲ့ အမြွှာပူးလေး ဆေးရုံဆင်းခွင့်ရပြီ

ကိုယ်ဝန်ဆောင်ချိန် ၂၂ ပတ်အကြာမှာ မွေးဖွားလာခဲ့ပြီး ဖြစ်နိုင်ခြေကို လွန်ဆန်ကာ ရှင်သန်ခဲ့တဲ့ အမြွှာပူးလေးဟာ ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါပြီ။ ကင်ယာနဲ့ ဒီဂျေတို့ဟာ အမေရိကန်နိုင်ငံ အိုဟိုင်းယိုးမြို့ ကလိဗ်လန်းဆေးရုံမှာ မွေးဖွားခဲ့ကြတာဖြစ်ပြီး သူတို့အမေရဲ့ လက်ဖဝါးတစ်ဖက်စာလောက်ပဲရှိတဲ့အထိ အလွန်သေးငယ်ပါတယ်။ အသေးဆုံး…

22.9.23-yyl-16.jpg

မူးယစ်ဆေးလွန်ပြီး ၁ နှစ်ကလေးငယ် သေဆုံးခဲ့တဲ့ မူကြိုကျောင်း ကြမ်းပြင်ကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မူကြိုကျောင်းမှာ တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက် မူးယစ်ဆေး လွန်လို့ သေဆုံးခဲ့ပြီးနောက် ရှာဖွေရာမှာ မူးယစ်ဆေး အများအပြား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နယူးယော့ခ်မြို့ ဒီဗီနိုနီနို မူကြိုကျောင်းမှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ လူ ၅ သိန်းကို…

22.9.23-yyl-15.jpg

၁ မိနစ်အတွင်း ခြေအိတ် ၂၁ ဖက် ချွတ်ပြပြီး ဂင်းနက်စ်စံချိန် တင်ခဲ့တဲ့ ခွေးလိမ္မာလေး

ကနေဒါ ခွေးလိမ္မာလေး ဒိုင်ကွီရီဟာ ၁ မိနစ်အတွင်း ခြေအိတ် ၂၁ ဖက်ကို ချွတ်ပေးပြီး ဂင်းနက်စ် စံချိန်တင်ခဲ့ပါတယ်။ သြစတြေးလျ သိုးထိန်းခွေးလေး ဒိုင်ကွီရီဟာ သူ့သခင် ဂျနီဖာဖရေဆာနဲ့အတူ ဂင်းနက်စ်စံချိန်များစွာ တင်နိုင်ခဲ့ဖူးပါတယ်။ တစ်မိနစ်အတွင်း ပြကွက်အများဆုံး…

22.9.23-yyl-14.jpg

ဖိလစ်ပိုင်လေဆိပ်စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲမှ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို ခိုးယူပြီး မျိုချခဲ့

ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်ရဲ့ စစ်ဆေးရေးအရာရှိက ခရီးသည်အိတ်ထဲကနေ ဒေါ်လာ ၃၀၀ ဖိုးရှိတဲ့ ငွေစက္ကူတွေကို နှိုက်ထားပြီး မျိုချခဲ့တဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းမှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ခရီးသည်တစ်ဦးက ခန္ဓာကိုယ် Scan ဖတ်စစ်ဆေးမှု မလုပ်ခင် သူ့ရဲ့အိတ်ကို လေဆိပ်စစ်ဆေးရေးအရာရှိ…

21.9.23-yyl-8.jpg

တရုတ်ဈေးကွက်မှာ ထုတ်မလောက်အောင် အရောင်းသွက်နေတဲ့ ချက်ပုံစံ စတစ်ကာ

တရုတ်အမျိုးသမီးတွေကြားမှာတော့ ချက်ပုံစံ စတစ်ကာတွေ ခေတ်စားနေပါတယ်။ သူတို့က ခြေတံပိုရှည်တယ်လို့ အထင်ခံရစေဖို့အတွက် ချက်ပုံစံ စတစ်ကာတွေကို အသုံးပြုနေကြတာ ဖြစ်ပါတယ်။ စတစ်ကာတစ်ခုကိုတော့ ယွမ်ငွေ ၅ ယွမ်ကနေ ၁၀ ယွမ်ကြား ပေးရပါတယ်။ ချက် စတစ်ကာကို…

21.9.23-yyl-5.jpg

တက္ကသိုလ်တက်ခွင့်ရဖို့ မငြိမ်သက်တဲ့ နိုင်ငံတွေကိုဖြတ်သန်းပြီး မိုင် ၂၅၀၀ စက်ဘီးခရီးနှင်ခဲ့သူ

တက္ကသိုလ်တက်ခွင့်ရဖို့ အနောက်အာဖရိကတစ်လွှား မိုင် ၂၅၀၀ ကျော် ဖြတ်သန်းပြီး စက်ဘီးခရီးနှင်ခဲ့တဲ့ ကျောင်းသားဟာ အီဂျစ်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်မှာ ပညာသင်ဆုအပြည့်အဝ ရရှိခဲ့ပါပြီ။ အသက် ၂၅ နှစ်အရွယ် ဂီနီနိုင်ငံသား မာမာဒူဘာရီဟာ အီဂျစ်နိုင်ငံရဲ့ အယ်အဇာတက္ကသိုလ်မှာ ပညာသင်ကြားခွင့်ရဖို့အတွက်…

20.9.23-yyl-8.jpg

ရိုးရာလေးတိုတိုထွာထွာ

ရုတ်တရက် ကြည့်လိုက်ရင် ဂြိုဟ်ကြီးတစ်လုံး ပေါက်ကွဲသွားတယ်လို့ ထင်စရာပါပဲ။ ဒါပေမဲ့ အခု ပုံမှာမြင်ရတာက ဟာလာလို့ အမည်ရတဲ့ စားစရာ သစ်သီးတစ်လုံး ဖြစ်ပါတယ်။ ပိန္နဲသီးလိုမျိုး အတွင်းပေါင်းမှာ အကန့်ငယ်များစွာ ပါဝင်ပြီး စားလိုက်ရင်တော့ ကြံလို အရသာမျိုး…

20.9.23-yyl-6.jpg

နှစ်သက်တမ်း ၃၄ သန်းရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း ငါးမန်းခေါင်းကို တွေ့ရှိခဲ့တဲ့ ကျောင်းသူလေး

လင်ဆေးစတောဝါ့သ်ဆိုတဲ့ ကောင်မလေးက ငါးမန်းအစွယ် ရှာဖွေရတာကို ဝါသနာထုံသူပါ။ သူဟာ ငယ်ငယ်လေးကတည်းက သူတို့ခြံထဲမှာ ငါးမန်းအစွယ် လိုက်ရှာလေ့ရှိပါတယ်။ ဟိုအရင်ကဆိုရင် အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်ဟာ ရေဖုံးလွှမ်းခံရတဲ့ တည်နေရာတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ်းခြေနဲ့ မနီးတဲ့ နေရာတွေမှာတောင် ကျောက်ဖြစ်ရုပ်ကြွင်း…

20.9.23-yyl-3.jpg

ဆားပွင့်တစ်ပွင့်စာစာပဲ ရှိတဲ့ ကမ္ဘာ့အသေးဆုံးကင်မရာ

စီးပွားဖြစ် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေထဲမှာတော့ Omnivision ကုမ္ပဏီက ထုတ်လုပ်တဲ့ OVM6948 CameraCubeChip က ကမ္ဘာ့အသေးဆုံးကင်မရာအဖြစ် စံချိန်တင်ထားပါတယ်။ အလျား ဝ.၆၅ မီလီမီတာ၊ အနံ ဝ.၆၅ မီလီမီတာ၊ အမြင့် ၁.၁၅၈ မီလီမီတာပဲ…