မိခင်နို့ရည် ၂၆၄၅ လီတာ လှူဒါန်းပြီး ဂင်းနက်စ်စံချိန်သစ် တင်ခဲ့တဲ့ အမျိုးသမီး

mother1.jpg

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှ အမျိုးသမီး အိုဂလီထရီးဟာ ကလေးငယ် ၃၅၀၀၀၀ ကျော်ကို တိုက်ကျွေးဖို့ လုံလောက်တဲ့ မိခင်နို့ရည် ၂၆၄၅ လီတာ လှူဒါန်းပြီး ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။

၂၀၁၀ ပြည့်နှစ်မှာ သူ့ရဲ့ သားဦး ခိုင်လီကို မွေးဖွားခဲ့တဲ့ အိုဂလီထရီးဟာ ပုံမှန်ထက် နို့ရည် ပိုထွက်နေတာကို သတိပြုမိခဲ့ပြီး မိခင်နို့ရည် စတင်လှူဒါန်းဖြစ်ခဲ့တာပါ။ သူဟာ ၃ နှစ်ကြာတစ်ခါ နို့ရည် ထုတ်ယူပြီး Mothers’ Milk Bank of North Texas အဖွဲ့ထံ လှူဒါန်းပေးခဲ့တာပါ။ ပုံမှန်အားဖြင့် မိခင်နို့ရည် ၁ လီတာဟာ ကလေးငယ် ၁၁ ယောက်ကို တိုက်ကျွေးနိုင်ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အိုဂလီထရီးက မိခင်နို့ရည် ၁၅၆၉.၇၉ လီတာ လှူဒါန်းပြီး ဂင်းနက်စ်စံချိန် စတင်ခဲ့တာပါ။ နောက်ထပ် ရင်သွေးတွေ မွေးဖွားချိန်မှာလည်း အိုဂလီထရီးက မိခင်နို့ရည် လှူဒါန်းမှုတွေ ဆက်လက်လုပ်ဆောင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇူလိုင်လမှာတော့ မိခင်နို့ရည် ၂၆၄၅.၅၈ လီတာ လှူဒါန်းပြီး စံချိန်သစ် ထပ်တင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Big-hearted mom donates record levels of breastmilk to help over 350,000 premature babies

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top