မကြာသေးခင်က BLACKPINK အဖွဲ့ဝင် ဂျီဆူးရဲ့အေဂျင်စီ BLISSOO ရဲ့ဝန်ထမ်းတွေဟာ သူတို့ရဲ့လူမှုကွန်ယက်အကောင့်မှာ ဂျီဆူးဆီက လက်ဆောင်ရတဲ့ နာမည်ကြီးအမှတ်တံဆိပ် Dior အိတ်တွေနဲ့ ဓာတ်ပုံတွေ မျှဝေလာခဲ့ပါတယ်။ ပို့စ်တွေမှာ “ချစ်တယ် စီးအီးအို”၊ “ဂျီဆူး အကောင်းဆုံး”၊”ကျေးဇူးတင်ပါတယ် သူဌေး” ဆိုတဲ့စာသားတွေလည်း ရေးသားထားကာ ဂျီဆူးနဲ့ သူ့ဝန်ထမ်းကြားက နွေးထွေးတဲ့ဆက်ဆံရေးကို မြင်တွေ့ရပါတယ်။

ဒီလက်ဆောင်တွေက Global Ambassador အဖြစ် ဂျီဆူးဆောင်ရွက်တဲ့ Dior က အဆင့်မြင့်အိတ်တွေပါ။ အိတ်တစ်အိတ်ကို ဝမ် ၄ သန်းတန်တဲ့ အိတ် ၄ လုံးကို လက်ဆောင်ပေးခဲ့တာဖြစ်ပြီး အခြားအိတ်တစ်လုံးကတော့ ဝမ် ၄.၄၅ သန်းတန်ဖိုးရှိပါတယ်။
ဂျီဆူးက သူ့ရဲ့အေဂျင်စီကတဆင့် ဂီတနဲ့ သရုပ်ဆောင်အလုပ်နှစ်ခုလုံးကို ဟန်ချက်ညီစွာလုပ်ဆောင်နေခဲ့တာပါ။ သူဟာ ဧပြီ ၂၃ ရက်နေ့၊ ပြင်သစ်နိုင်ငံမှာ ပြုလုပ်မယ့် Canneseries Festival ကို တက်ရောက်ဖို့ရှိပါတယ်။ အဲ့ဒီပွဲမှာ မျိုးဆက်သစ်မင်းသမီးအဖြစ် လုပ်ဆောင်နိုင်စွမ်းကို အသိအမှတ်ပြုတဲ့အနေနဲ့ the Madame Figaro Rising Star Award ကို ရရှိမှာဖြစ်ပါတယ်။
Ref: BLACKPINK’s Jisoo Gifts Dior Bags to Staff
WL (ရိုးရာလေး)

