Blackpink အဖွဲ့ဝင် Lisa နဲ့တူလို့ လူစိတ်ဝင်စားခံနေရတဲ့ ဆယ်ကျော်သက်ကောင်မလေး

4.7.2024-yyl-5.jpg

ထိုင်းနိုင်ငံက အသက် ၁၇ နှစ်အရွယ် ကောင်မလေးဟာ Blackpink အဖွဲ့ဝင် Lisa နဲ့တူလို့ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့အာရုံစိုက်ခြင်းခံနေရပါတယ်။ Yeehwa လို့ အမည်ရပြီး Wat Asokaram market လဟာပြင်ဈေးမှာ ကြက်ကြော်ရောင်းနေတဲ့သူရဲ့ဗီဒီယိုဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့တာပါ။

Lisa နဲ့တူတယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေဆီကမှတ်ချက်ရစေခဲ့တဲ့ အဲ့ဒီဗီဒီယိုမှာ Yeehwa က မိခင်ဖြစ်သူရဲ့ဆိုင်မှာ ကြက်ကြော်ကူရောင်းပေးနေတာပါ။ ကျောင်းအားလပ်ချိန်ဆို သူဟာ သူ့အမေရဲ့ဆိုင်ကို လာပြီး ကြက်ကြော်ကူရောင်းပေးလေ့ရှိတာပါ။ ဆိုင်ကိုလာဖို့ သူ ကျောင်းတတ်တဲ့နေရာနဲ့ ၅ နာရီကြာ ကားစီးရတယ်လို့ သူ့အမေက ဆိုပါတယ်။

ထိုင်းမီဒီယာတစ်ခုက Yeehwa ကို အင်တာဗျူးမေးတော့ သူဟာ အခုလို လူစိတ်ဝင်စားခံရလို့ နည်းနည်းတော့ရှက်ကြောက်မိတယ်၊ သူ လေးစားနှစ်သက်ရတဲ့အဆိုတော်နဲ့တူလို့ အရမ်းပျော်ရွှင်ရပါတယ်လို့ ပြောပါတယ်။ ဖျော်ဖြေရေးနယ်ပယ်ကို စိတ်ဝင်စားပြီး ကျောင်းကပွဲတွေမှာ ပါဝင်လေ့ရှိတယ်၊ အခွင့်အလမ်းပေါ်ပေါက်လာမယ်ဆိုရင် ဖျော်ဖြေရေးနယ်ပယ်မှာ ပါဝင်ဖို့ စဉ်းစားမှာဖြစ်တယ်လို့လည်း သူက ဆိုထားပါတယ်။

Ref: Blackpink’s Lisa lookalike spotted selling chicken in Thailand

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top