ဆားပျော်ရည်စွမ်းအင်သုံး မီးအိမ်တီထွင်ခဲ့တဲ့ ဖိလစ်ပိုင်အမျိုးသမီးအင်ဂျင်နီယာ

salt.jpg

ဖိလစ်ပိုင်အင်ဂျင်နီယာ လီပါမီဂျီနာက ဆားပျော်ရည်စွမ်းအင်သုံး မီးအိမ်တီထွင်ပြီး ဝေးလံခေါင်သီတဲ့ ဒေသတွေအတွက် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေခဲ့ပါတယ်။ မီဂျီနာဟာ ဒီလာဆယ်လီတက္ကသိုလ် အင်ဂျင်နီယာဌာနရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သလို Greenpeace Philippines သဘာဝပတ်ဝန်းကျင်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဆားလက်ဘက်ရည်ဇွန်း ၂ ဇွန်းကို ရေတစ်ခွက်နဲ့ရောကာ (ပင်လယ်ရေကိုလည်း အသုံးပြုနိုင်) ဆားပျော်ရည်လုပ်ပြီး လျှပ်စစ်သတ္တုချောင်း (electrode)ကနေ လျှပ်စစ်မီးအိမ် အလင်းရောင်ထွက်အောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဆားပျော်ရည်ဟာ လျှပ်စစ်မီးအိမ်ကို ၈ နာရီကြာ စွမ်းအင်ပေးနိုင်ပြီး လျှပ်စစ်သတ္တုချောင်းကတော့ ၁ နှစ်လောက်အထိ အသုံးခံနိုင်ခြေ ရှိပါတယ်။

Sustainable Alternative Lighting project(SALt)လို့ အမည်ပေးထားတဲ့ ဒီစီမံကိန်းဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်သီတဲ့ ဒေသတွေအတွက် ကြီးကြီးမားမား သက်ရောက်မှု ရှိစေမှာပါ။ ဆားပျော်ရည်မီးအိမ်ဟာ မီးထွန်းရုံတင်မကဘဲ နောက်ပိုင်းမှာ ဖုန်းနဲ့ အခြားလျှပ်စစ်ပစ္စည်းတွေကို အားသွင်းနိုင်မယ့်အထိ အဆင့်မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။

Ref: Brilliant SALt lamp runs 8 hours on just 1 glass of salty water

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top