ဘရုစ်လီရဲ့ချွေးစွန်းထင်းနေတဲ့ အဖြူရောင်ရှပ်ကို လေလံတင်ရောင်းချမယ်

2.9.2024-yyl-5.jpg

ကိုယ်ခံပညာအကျော်အမော် ဘရုစလီဟာ ၁၉၇၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပေမဲ့ သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေက ချမ်းသာကြွယ်ဝတဲ့သူတွေအတွက် ဆွဲဆောင်မှုတစ်ခုအဖြစ် ရှိနေဆဲပါပဲ။ Julien’s Auctions က ဟောင်ကောင်မှာ ပထမဆုံးလေလံတင်ပွဲအနေနဲ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ဘရုစ်လီရဲ့ပစ္စည်း ၄၀ ကျော်ကို လေလံတင်သွားမှာဖြစ်ပါတယ်။

အဲ့ဒီပစ္စည်းတွေထဲမှာ လူစိတ်ဝင်စားမှုများနေတာက ဘရုစ်လီရဲ့ချွေးစွန်းနေတဲ့ အဖြူရောင်ရှပ်အင်္ကျီပါပဲ။ ၁၉၇၁ ခုနှစ်ရဲ့ The Big Boss ဇာတ်ကားထဲမှာ ဝတ်ဆင်ခဲ့တဲ့ အဲ့ဒီအင်္ကျီဟာ လေလံတင်စဉ်အတွင်း ဟောင်ကောင်ဒေါ်လာ ၁ သိန်းအထိ ရရှိနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ လေလံပွဲမှာ ဘရုစ်လီရဲ့ပစ္စည်းတွေအပြင် အခြားအနုပညာရှင်တွေရဲ့ပစ္စည်းတွေလည်းပါဝင်မှာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်က Fearless Tour အတွင်း တေလာဆွစ်ဖ် ဝတ်ခဲ့တဲ့ ရွှေရောင်ဘွတ်ဖိနပ်၊ မိုက်ကယ်ဂျက်ဆင်ရဲ့ဂျာကင်၊ Life Goes On သီချင်းမှာ ကေပေါ့အဖွဲ့ BTS ဝတ်ဆင်ခဲ့တဲ့ ညအိပ်ဝတ်စုံတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ အများပြည်သူတွေက အဲ့ဒီပစ္စည်းတွေကို လေလံပွဲမတိုင်ခင် စက်တင်ဘာ ၁၄ ကနေ စက်တင်ဘာ ၂၇ ရက်နေ့အထိ the Legends in Motion ပြပွဲမှာကြည့်ရှုလို့ရမှာဖြစ်ပါတယ်။

Ref: Bruce Lee’s Sweat-Stained White Top To Be Auctioned Off, Estimated To Fetch S$25K

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top