ကမ္ဘာ့သံလိုက်စက်ကွင်းထက် အဆပေါင်း ၈ သိန်းကျော် ပိုအားကောင်းတဲ့ သံလိုက်ကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီး

21.10.2024-yyl-7.png

ကမ္ဘာ့သံလိုက်စက်ကွင်းထက် အဆပေါင်း ၈ သိန်းကျော် ပိုအားကောင်းတဲ့ ကမ္ဘာ့အားအကောင်းဆုံး သံလိုက်ကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှ သံလိုက်စက်ကွင်းသုံး သုတေသနအဆောက်အအုံတွေမှာ အသုံးပြုတဲ့ resistive magnet သံလိုက်အမျိုးအစားပါပဲ။ resistive magnet ဆိုတာ ရိုးရိုးသံတုံးကိုပဲ ကွိုင်တွေနဲ့ရစ်ပတ်ဖန်တီးထားတဲ့ သံလိုက်ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်မှာ အမေရိကန်အမျိုးသား သံလိုက်စက်ကွင်းဓာတ်ခွဲခန်းက ၄၁.၄ တက်စလာ အားပြင်းတဲ့ သံလိုက်ကို စမ်းသပ်ပြနိုင်ခဲ့ပြီး အခုနောက်ဆုံး တရုတ်သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ သံလိုက်စက်ကွင်းကတော့ ၄၂.၀၂ တက်စလာ အားပြင်းကာ ကမ္ဘာ့အားအကောင်းဆုံးသံလိုက်အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။

အခုလို စွမ်းဆောင်နိုင်တဲ့ သံလိုက်ကို ဖန်တီးနိုင်ခဲ့တာဟာ superconductor လို ကွယ်ဝှက်ထားတဲ့ အဆင့်မြင့်ပစ္စည်းတွေကို ရှာဖွေနိုင်မယ့်၊ ရူပဗေဒဖြစ်စဉ်သစ်တွေကို လေ့လာနိုင်မယ့် အားပြင်းသံလိုက်စက်ကွင်းတွေ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အတိမ်းအစောင်းမခံတဲ့ တိုင်းတာမှုတွေလုပ်ရာမှာ အားပြင်းသံလိုက်စက်ကွင်းတွေ လိုအပ်ပြီး မထင်ရှားတဲ့ ရူပဗေဒဖြစ်စဉ်တွေကိုတောင် မြင်တွေ့နိုင်လောက်တဲ့အထိ အထောက်အပံ့ဖြစ်စေတယ်လို့ ကမ်းဘရစ်ချ်တက္ကသိုလ်မှ ရူပဗေဒပညာရှင် အလက်ဇန္ဒားအီတန်က ဆိုပါတယ်။

Ref: China sets new world record with 800,000 times more magnetic field than Earth’s
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top