မန်စီးတီးရဲ့ အံ့မခန်းစံချိန်ကို အမှီလိုက်နိုင်ခဲ့တဲ့ လီဗာပူး

25feb202005.jpg

ဝက်စ်ဟမ်းကို နောက်ကလိုက် ကစားပြီး ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ လီဗာပူးဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲစဉ်(၁၈)ပွဲဆက်တိုက် နိုင်ပွဲဆက်ခဲ့တဲ့ မန်စီးတီးရဲ့ စံချိန်နဲ့ တူညီသွားခဲ့သလို မကြာခင်အချိန်အတွင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။ လီဗာပူးဟာ ဝက်စ်ဟမ်းကို ၁-၂ ဂိုးနဲ့ ရှုံးနိမ့် နေရာ ကနေ ပွဲချိန်(၆၈)မိနစ်မှာ ဆာလာ၊ ပွဲချိန်(၈၁)မိနစ်မှာ မာနေးတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ရခဲ့တာပါ။ ဒီရာသီ ပရီးမီးယားပွဲစဉ် (၂၇)ပွဲ ကစားပြီးချိန်မှာ (၂၆) ပွဲ အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ လက်ကျန်ပွဲစဉ်(၁၁)ပွဲမှာ (၁၂)မှတ်ရရုံနဲ့ ချန်ပီယံဖလား ဆွတ်ခူးနိုင်တော့မှာပါ။ လီဗာပူးဟာ လက်ရှိပုံစံအတိုင်း နိုင်ပွဲ ဆက်နေမယ်ဆိုရင် မတ်လ ၂၂ ရက်မှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ဖို့ ရှိနေပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အိမ်ကွင်းနိုင်ပွဲရခဲ့တဲ့ လီဗာပူးဟာ ၁၉၇၂ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအကြား အိမ်ကွင်း(၂၁)ပွဲဆက် အနိုင်ရတဲ့ စံချိန်နဲ့လည်း တူညီ သွားခဲ့ပါတယ်။ ”ဒီစံချိန်ကို အမီလိုက်နိုင်မယ် ဒါမှမဟုတ် ချိုးဖျက်နိုင်မယ်လို့ ကျွန်တော် လုံးဝမတွေးခဲ့ဖူးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်။ အရိုးသားဆုံး ပြောရရင် အခုလိုဖြစ်လာမယ်လို့ မထင်ခဲ့ဘူး။ ဒီရာသီရဲ့ အသီးအပွင့်တွေက ကျွန်တော်တို့အားလုံးရဲ့ ကြိုးစားအားထုတ်မှုပါပဲ”လို့ လီဗာပူး နည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top