အမှိုက်ပုံးထဲက ပြန်ကောက်ထားတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၂ သိန်းဆု ပေါက်

26.7.2024-yyl-3.jpg

အမေရိကန်နိုင်ငံမှ လင်မယားနှစ်ယောက်ကတော့ အမှိုက်ပုံးထဲက ပြန်ကောက်ထားတဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၂ သိန်းဆု ဆွတ်ခူးခဲ့တာကြောင့် သူတို့ရဲ့စိတ်ကူးယဉ် အိမ်ကလေးတစ်လုံး ဝယ်ယူဖို့ စီစဉ်နေကြပါပြီ။

တောင်ပိုင်းကာရိုလိုင်းနားပြည်နယ်မှာ နေထိုင်တဲ့ လင်မယားဟာ Circle K စတိုးဆိုင်ကနေ ၅ ဒေါ်လာတန် ခဲခြစ်ထီလက်မှတ်ဝယ်ယူခဲ့ပြီး ဇနီးဖြစ်သူက ခဲခြစ်ကြည့်ရာမှာ မပေါက်ဘူးထင်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်ခဲ့တာပါ။ ခင်ပွန်းက မေးမြန်းကြည့်ချိန်မှာ ဂဏန်း ၁၂ လုံးပြည့်အောင် မခြစ်ရသေးမှန်း သိသွားလို့ ပြန်ကောက်ပြီး ခဲခြစ်ခိုင်းခဲ့တာပါ။

ဇနီးက ထီလက်မှတ်ကို ပြန်ကောက်ပြီး ဂဏန်း ၁၂ လုံး ပြည့်အောင် ခြစ်ကြည့်ချိန်မှာတော့ ဒေါ်လာ ၂ သိန်းဆု ပေါက်နေမှန်း သိလိုက်ရတာပါ။ သူတို့လင်မယားနှစ်ဦးကတော့ လုံခြုံရေးအရ အမည်ဖော်လိုခြင်း မရှိပါဘူး။ ထီဆုကြေးငွေကို အသုံးပြုပြီး သူတို့ရဲ့စိတ်ကူးထဲက အိမ်လေးတစ်လုံး ဝယ်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

Ref: Couple salvages $200K lottery ticket from trash
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top