ဟန်းနီးမွန်းခရီးထွက်ရင်း သတ္တုရိုင်းတင်ရထားစီးပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ကြင်စဦးမောင်နှံ

3-10-2022-yyl41.jpg

ဟန်းနီးမွန်းခရီးထွက်ရင်း သတ္တုရိုင်းတင်ရထားစီးပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ကြင်စဦးမောင်နှံ

ဟန်းနီးမွန်းထွက်ဖို့စီစဉ်တဲ့အခါ စုံတွဲတော်တော်များများက ပြာလဲ့လဲ့ရေပြာတွေရှိတဲ့ မော်လ်ဒိုက်၊ အချစ်မြို့တည်ရှိရာ ပဲရစ်လို ထင်ရှားတဲ့နေရာတွေ သွားကြပါတယ်။ ခရိုအေးရှားနိုင်ငံက ကြင်စဦးမောင်နှံ ခရစ်တီဂျန်နဲ့ အန်ဒရီယာ အီလစ်ကတော့ အာဖရိကနိုင်ငံအနောက်မြောက်ပိုင်းရှိ ပူပြင်းတဲ့ မော်ရီတာနီးယားသဲကန္တာရဆီ ဟန်းနီးမွန်းခရီးထွက်ခဲ့ပါတယ်။ ဒါတင်မကဘဲ သတ္တုရိုင်းတွေတင်ဆောင်လာတဲ့ ကုန်တင်ရထားကိုလည်း စီးခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးထွက်ရင်း သတ္တုရိုင်းတင်ရထားစီးပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ကြင်စဦးမောင်နှံ
ဟန်းနီးမွန်းခရီးထွက်ရင်း သတ္တုရိုင်းတင်ရထားစီးပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ကြင်စဦးမောင်နှံ

ခရီးသွား Influencer တွေအဖြစ် ကမ္ဘာ့အနှံ့နေရာများစွာကို သွားရောက်ခဲ့ဖူးတဲ့ သူတို့စုံတွဲက အခြားစုံတွဲတွေနဲ့မတူဘဲ မင်္ဂလာဝတ်စုံကြီးဝတ်ဆင်ပြီး သတ္တုရိုင်းတင်ရထားပေါ်မှာ ညစ်ပတ်ခံကာ ဟန်းနီးမွန်းခရီးစဉ်အမှတ်တရဓာတ်ပုံရိုက်ခဲ့ကြတာပါ။ အဲဒါက သူတို့ခရီးစဉ်မှာ ထူးထူးခြားခြားလုပ်ဖြစ်ခဲ့တာပါ။ သူတို့စုံတွဲက Zouérat မြို့ကနေ Nouadhibou ဆိပ်ကမ်းအထိ (၇၀၀ ကီလိုမီတာ (၄၃၅ မိုင်) သဲကန္တာရကို ဖြတ်သွားမယ့် သတ္တုရိုင်းတွေတင်ဆောင်လာတဲ့ ရထားပေါ် လိုက်ပါခဲ့ပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးထွက်ရင်း သတ္တုရိုင်းတင်ရထားစီးပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ကြင်စဦးမောင်နှံ

ရထားပေါ်မှာ ရိုက်ခဲ့တဲ့ပုံတွေကို သူတို့ရဲ့လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။ အဲဒီပုံတွေထဲမှာ အန်ဒရီယာရဲ့ဝတ်စုံက အမိုးပွင့်ရထားတွဲမှာ တင်ဆောင်လာတဲ့ သတ္တုရိုင်းတွေ ပေကျံနေတာကို တွေ့မြင်ရပါတယ်။ သဲကန္တာရတစ်လျှောက် သတ္တုရိုင်းတင် ရထားစီးတာက ခရီးသွား Influencer တွေအတွက် မှတ်တိုင်တစ်ခုလို ဖြစ်နေပါတယ်။

ဟန်းနီးမွန်းခရီးထွက်ရင်း သတ္တုရိုင်းတင်ရထားစီးပြီး အမှတ်တရဓာတ်ပုံရိုက်ခဲ့တဲ့ ကြင်စဦးမောင်နှံ

ရထားပေါ်တက်ပြီး ဟန်းနီးမွန်းအမှတ်တရဓာတ်ပုံရိုက်ကူးတာက အန္တရာယ်များပြီး ခက်ခဲပေမဲ့ မော်ရီတာနီးယားခရီးက ခရီးသွားဧည့်သည်တွေကိုဆွဲဆောင်ထားတဲ့နေရာအဖြစ် မျှော်လင့်ထားတာထက် သာလွန်ခဲ့တယ်လို့ ခရစ်တီဂျန်က ပြောပါတယ်။ သူတို့ အလည်သွားခဲ့တဲ့ ရွာတစ်ရွာမှာ ဒေသခံတွေက အန်ဒရီယာတို့အတွက် သူတို့ရဲ့ဒေသရိုးရာဓလေ့ထုံးထမ်းတွေနဲ့အညီ မင်္ဂလာပွဲအခမ်းအနားတစ်ခုကို စီစဉ်ပေးခဲ့ကြပါတယ်။ ခရစ်စတီဂျန်နဲ့ အန်ဒရီယာတို့က ဒေသခံတွေရဲ့ရိုးရာမင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့ပြီး (၂) နာရီကြာ အက၊ တေးသီချင်းတွေနဲ့ ဆင်နွှဲခဲ့ကြပါတယ်။ ဒါက သူတို့ ဘယ်တော့မှ မမေ့နိုင်မယ့် အတွေ့အကြုံပါပဲ။

Ref: CNN “The couple who spent their honeymoon riding an African iron ore train”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top