ဝန်ထမ်းတွေကို ဒေါ်လာ ၁.၃ ဘီလျံ ဘောနပ်စ်ပေးမယ့် ဒယ်တာလေကြောင်းလိုင်း

ငေမ.jpg

အမေရိကန်ရဲ့ အကြီးဆုံးလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ဒယ်တာလေကြောင်းလိုင်းဟာ ရရှိလာတဲ့ အမြတ်ငွေထဲက အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံကို ဝန်ထမ်းတွေအတွက် ခွဲဝေပေးသွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။

ဒါဟာ ကုမ္ပဏီသမိုင်းတစ်လျှောက်မှာရော လေကြောင်းလုပ်ငန်းနယ်ပယ်မှာပါ အကြီးမားဆုံး ဘောနပ်စ်ပေးမှု ဖြစ်လာမှာပါ။ ဒယ်တာလေကြောင်းလိုင်းဟာ ပထမဆုံးဝင်ငွေ ၂.၅ ဘီလျံအထိ ၁၀ ရာခိုင်နှုန်း ပေးမှာဖြစ်ပြီး ၂.၅ ဘီလျံ ကျော်လွန်တဲ့ ဝင်ငွေတိုင်းအတွက် ၂၀ ရာခိုင်နှုန်း ခွဲဝေပေးမှာပါ။

လာမယ့် ချစ်သူများနေ့မှာ ဒယ်တာလေကြောင်းလိုင်းက ဝန်ထမ်းတွေကို အမြတ်ငွေ ခွဲဝေပေးမှာဖြစ်ပြီး ခွဲဝေပေးမယ့် ဘောနပ်စ်ပမာဏဟာ သီတင်းပတ် ၃ ပတ်ကနေ ၅ ပတ်ကြား လုပ်ခနဲ့ ညီမျှတဲ့ပမာဏ ဖြစ်လာမှာပါ။

ဒယ်တာလေကြောင်းလိုင်းဟာ Forbes မဂ္ဂဇင်းနဲ့ Fortune 500 မဂ္ဂဇင်းက ထုတ်ပြန်တဲ့ ကမ္ဘာပေါ်မှာ အလုပ်လုပ်ကိုင်ရန် အသင့်တော်ဆုံး လုပ်ငန်းခွင်စာရင်းမှာလည်း အမြဲလိုလို ထိပ်ပိုင်းရပ်တည်ခဲ့တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

Ref: Delta Shares $1.3 Billion with its Workers–Averaging 4 Weeks’ of Salary Coming Directly from Profits

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top