လူသားတွေအတွက် သမုဒ္ဒရာအောက်ခြေက လက်ဆောင်တွေယူလာပေးတဲ့ လင်းပိုင်လေး

21-5-2020-yyl-016.jpg

လင်းပိုင်တွေက သမုဒ္ဒရာထဲမှာ အလှပအဆုံးသက်ရှိသတ္တဝါလေးတွေပါပဲ။ လူတွေကို အန္တရာယ်မပြုတတ်သလို လူတွေနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိကြပါတယ်။ Mystique အမည်ရတဲ့လင်းပိုင်အထီးက လူသားတွေအကြောင်းကို ကောင်းကောင်းသိတဲ့ပုံပါပဲ။ လူတွေက လက်ဆောင်ပေးရင်ကြိုက်တယ်ဆိုတာ သိတဲ့အတွက် လက်ဆောင်လေးတွေ ယူလာပေးတတ်ပါတယ်။ သူက ကွင်းစလန်ပြည်နယ်ရဲ့ Barnacles Dolphin Centre က စေတနာ့ဝန်ထမ်းတွေကို သမုဒ္ဒရာအောက်ခြေက ပစ္စည်းတွေကို ယူလာပေးလေ့ရှိပါတယ်။ သူက လှပတဲ့သန္တာကျောက်တွေ၊ ခရုခွံတွေ၊ သက်တမ်းကြာပြီဖြစ်တဲ့ပုလင်းတွေကို ယူလာပေးတာဖြစ်ပါတယ်။

လင်းပိုင်လေးက သူ့ကို စေတနာ့ဝန်ထမ်းတွေက ကျွေးမွေးဂရုစိုက်ပေးတဲ့အတွက် တုံ့ပြန်တဲ့အနေနဲ့ သမုဒ္ဒရာအောက်ကပစ္စည်းတွေယူလာပေးတာပါ။ စင်တာက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားပြီးကတည်းက လင်ပိုင်းတွေဟာ လာရောက်လည်ပတ်သူတွေရဲ့အာရုံစိုက်မှုတွေမရရှိခဲ့တာကြာပါပြီ။ စင်တာက လင်းပိုင်တွေကို အစာကျွေးနေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ လင် မက်ဖာဆန်က လင်းပိုင်လေးမှာ ပေးကမ်းတတ်တဲ့စရိုက်လေးရှိပါတယ်။ အဲဒီအပြုအမူက စင်တာပိတ်ထားပြီးတဲ့နောက်မှာ ပိုပြီးဖြစ်လာပါတယ်ဆိုတာကို ပြောပြပါတယ်။

“ဒီလင်းပိုင်အထီးက ပစ္စည်းတွေယူလာပြိး ကျွန်မတို့ကို လက်ဆောင်ပေးပါတယ်။ သူက ရေအောက်ကနေယူလာပြီး ကျွန်မတို့က ဒါမလုံလောက်ဘူးလို့ပြောရင် ရေအောက်ထပ်ငုပ်သွားပြီး ထပ်ယူလာခဲ့ပါတယ်” လို့ လင်က ပြောပါတယ်။ စေတနာ့ဝန်ထမ်းတွေကို Mystique ကို ဒီလိုပြုမူတတ်ဖို့ မသင်ပေးခဲ့ဖူးပါဘူး။ ဒါကြောင့် သူ့ရဲ့အပြုအမူက လူတိုင်းကို အံ့သြစေခဲ့ပါတယ်။ ” သူ တစ်ခါတရံ (၁၀) ခုလောက်ယူလာတယ်။ သူက ငါးစားရတဲ့အတွက် အဲဒါတွေကို တန်းစီပြီးထားပါတယ်” လို့ လင်က ဆိုပါတယ်။

အဲဒီလင်းပိုင်က (၇) ကောင်ထဲမှာမှ ပုံမှန်လိုလိုလက်ဆောင်ယူလာပေးတဲ့ တစ်ကောင်တည်းသောလင်းပိုင်ပါပဲ။ စေတနာ့ဝန်ထမ်းတွေအတွက် သူယူလာပေးတဲ့လက်ဆောင်တွေကို ပုံထဲမှာ မြင်တွေရမှာပါ။ စေတနာ့ဝန်ထမ်းတွေကလည်း သူ့ကို လက်ဆောင်ယူလာပေးတဲ့အတွက် ငါးတွေပြန်ကျွေးတယ်လို့ ဆိုပါတယ်။

ဗီဒီယို

Ref: Dolphin Discovers Humans Like It When He Brings Them Gifts From The Bottom Of The Ocean, Develops A Habit Of Doing So

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top