တိရစ္ဆာန်ကယ်ဆယ်​ရေးအဖွဲ့အစည်းတွေအတွက် သံပုရာရည်ရောင်းပြီး ရန်ပုံငွေ ရှာပေးနေတဲ့ ၁၁ နှစ်သမီးလေး

23.3.2023-yyl-iamge-9.jpg

ဖလော်ရီဒါပြည်နယ်က အသက် ၁၁ နှစ် သမီးလေး ဒယ်လနီ ဒန်နစ်ဟာ၂၀၁၉ ခုနှစ်ကတည်းက သံပုရာရည်ရောင်းပြီး ဒေသတွင်းတိရစ္ဆာန်ကယ်ဆယ်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၆၁၀၀၀ ကျော် ရှာပေးလာခဲ့တာပါ။

ဒယ်လနီက သူ့အသက် ၇ နှစ်မှာ တိရစ္ဆာန်တွေအတွက် ရန်ပုံငွေရှာဖို့ သံပုရာရည်ရောင်းမယ့်စိတ်ကူးရခဲ့တာပါ။ အဲ့ဒီလိုနဲ့ ဒယ်လနီနဲ့ သူ့မိသားစုက သူတို့ရဲ့ စားသောက်ဆိုင်မှာ Delanie’s Lemonade Stand လို့ခေါ်တဲ့ သံပုရာရည်ဆိုင်လေးဖွင့်ဖြစ်ခဲ့တယ်။

သံပုရာရည်ဆိုင်က ရတဲ့ အမြတ်ငွေတွေကို ဒယ်လနီ ရွေးချယ်တဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့အစည်းတစ်ခုကို လတိုင်းလှူဖြစ်ပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ဒယ်လနီက မျိုးဆက်သစ်တိရစ္ဆာန်ထောက်ခံအားပေးသူတွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် အမှတ်အသားဖြစ်စေခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ သူ့ကို the American Society for the Prevention of Cruelty to Animals အဖွဲ့အစည်းက “Kid of the Year” ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆုလက်ခံစဥ်မှာ ဒယ်လနီက “ဘယ်အသက်အရွယ်က ကလေးတွေမဆို ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို ကလေးတွေအားလုံးကို သိစေချင်တယ်”လို့ ပြောကြားခဲ့တာပါ။

ဒယ်လနီက တိရစ္ဆာန်တွေအတွက် ရန်ပုံငွေ ထောင်ချီရှာပေးခဲ့တဲ့အပြင် သူ နှစ်သက်တဲ့ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့မှာလည်း လုပ်အားပေးဖြစ်ပါတယ်။ နှစ်စဥ်ကျင်းပနေကျ “Squeeze the Day” အမည်ရတဲ့ ပွဲအခမ်းအနားမှာလည်း အစီအစဥ်တင်ဆက်ပေးပါတယ်။

တိရစ္ဆာန်တွေကို ကယ်ဆယ်ဖို့အတွက် မျိုးဆက်သစ်တွေကို လှုပ်ဆော်ပေးချင်တဲ့ ဒယ်လနီဟာ ဗုဒ္ဓဟူးနေ့က GMA ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့သံပုရာရည်ဆိုင်အတွက် Veterinary Emergency Group ကနေ အလှူငွေ ဒေါ်လာ ၂၅၀၀ ရရှိခဲ့ပါတယ်။ English Mastiffs ခွေးအမျိုးအစားတွေကို ကယ်ဆယ်ရာမှာ ကူညီပေးတဲ့ အဖွဲ့အစည်းကို အဲ့ဒီငွေတွေ လှူဒါန်းသွားမှာပါ။

Ref: 11-year-old animal advocate raises more than $61,000 with lemonade stand

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top