ဗန်းမော်မြို့မှာ ကိုယ်ထူကိုယ်ထ Quarantine Center တည်ဆောက်

222861707_4122558457866322_5193840562433410336_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၉)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က မိဘပြည်သူတွေရဲ့လူဒါန်းကူညီမှုနဲ့ “အားနွဲ့သူကိုဖေးမကူ Quarantine Center” ကိုတည်ဆောက်နေတယ်လို့ အားနွဲ့သူကိုဖေးမကူ (ပရဟိတ) ဆီက သိရပါတယ်။

“အားနွဲ့သူကိုဖေးမကူ Quarantine Center” မှာ Covid-19 Positive လူနာ (၇၀) ဦးကို လက်ခံကုသပေးသွားမှာဖြစ်ပြီး မကြာခင်လူနာလက်ခံရေးနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေကို အသိပေးကြေညာသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အားနွဲ့သူကို ဖေးမကူ(ပရဟိတ) အသင်းဟာ ကချင်ပြည်နယ် အခြေစိုက်ပရဟိတအသင်းဖြစ်ပြီး လက်ရှိအချိန်မှာ Online ကတစ်ဆင့် ဆရာဝန်နဲ့ အခမဲ့ ဆွေးနွေး၊ ကုသ၊ ဆေး‌ပေးဝေခြင်း၊ အခမဲ့ ဆေးခန်းကို လူကိုယ်တိုင် လာရောက်ပြသ ဆွေးနွေး၊ ကုသ၊ ဆေးပေးဝေခြင်း ဝန်ဆောင်မှုတွေကို လုပ်ဆောင်ပေးနေပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံမှာ Covid-19 တတိယလှိုင်းဖြစ်ပွားနေတဲ့အချိန်ဖြစ်ပြီး ဇူလိုင်လ (၂၉) ရက် ဓာတ်ခွဲစစ်ဆေးချက်တွေအရ ကချင်ပြည်နယ်မှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၂၉၄) ဦး ရှိနေပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ ဇူလိုင်လ (၂၈) ရက်နေ့အထိ မြန်မာနိုင်ငံမှာ Covid-19 ပိုးတွေ့အတည်ပြုလူနာ (၂၈၄,၀၉၉) ဦးနဲ့ သေဆုံးသူ စုစုပေါင်း (၈,၂၁၀) ဦး ရှိနေပြီဖြစ်ပါတယ်။

Photo- အားနွဲ့သူကို ဖေးမကူ(ပရဟိတ)

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top