မသန်စွမ်းအမျိုးသားအတွက် သူနဲ့အတူကလေးကိုပါခေါ်ဆောင်လို့ရမယ့် ဝှီးချဲကို ကျောင်းသားတွေက ဖန်တီးပေးခဲ့

unnamed-3.png

ဖိုးနစ်ကင်း (Phoenix King) ဆိုတဲ့ ကလေးလေးကို လွန်ခဲ့တဲ့ (၄) လက မွေးဖွားခဲ့ချိန် သူ့ရဲ့မိဘတွေဖြစ်တဲ့ ဂျင်ရမီ (Jeremy) နဲ့ ချဲလ်ဆီ ( Chelsie) တို့ အခက်အခဲရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်က ဂျင်ရမီက ဉီးနှောက်အကြိတ်ဖယ်ရှားဖို့အတွက် ဉီးနှောက်ခွဲစိပ်ကုသမှုခံယူခဲ့ရသူပါ။ အဲဒီဉီးနှောက်ခွဲစိပ်မှုကြောင့် ဂျင်ရမီ ခန္ဓာကိုယ်အောက်ပိုင်းမလှုပ်ရှားနိုင်ဖြစ်ခဲ့ရတယ်လို့ ချဲလ်ဆီက ဆိုပါတယ်။ ဖိုးနစ်လေး မွေးဖွားလာတော့ ဂျင်ရမီက သူ့ကလေးကို သူနဲ့အတူ ခေါ်ချင်ပေမဲ့ ဝှီးချဲနဲ့မို့ အဆင်မပြေခဲ့ပါဘူး။

အဲဒါကြောင့် ဂျင်ရမီက ဝှီးချဲနဲ့ ဖိုးနစ်ကို အန္တရာယ်ကင်းစွာ ဘယ်လိုခေါ်ဆောင်မလဲဆိုတဲ့ မေးခွန်းရှိလာခဲ့ပါတယ်။ ချဲလ်ဆီဟာ Bllis School က ဆရာမတစ်ယောက်တဲ့အတွက် ကျောင်းရဲ့နည်းပညာခေါင်းဆောင် မတ်တ် ဇီဂလာ (Matt Zigler) ကို အဲဒီအကြောင်း ပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မတ်က သူ့ကျောင်းသားတွေကို ဂျင်ရမီရဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းပညာကို ဖန်တီးဖို့ စမ်းသပ်မှုတစ်ခုလုပ်စေခဲ့ပါတယ်။

မတ်ရဲ့ကျောင်းသားတွေက ဂျင်ရမီအတွက် တီထွင်မှုတစ်ခုကို ဒီဇိုင်းထွင်ခဲ့ပါတယ်။ အခုဆိုရင် ကျောင်းသားလေးတွေရဲ့ကျေးဇူးကြောင့် ဂျင်ရမီက သူ့နဲ့အတူ သူ့သားလေးကို အန္တရာယ်ကင်းကင်းနဲ့ အပြင်ကို ခေါ်ဆောင်သွားနိုင်ပါပြီ။

ကလေးပါတင်ဆောင်လို့ရတဲ့ ဝှီးချဲအတွက် နာမူနာပုံစံတွေကို 3D Printer ကို အသုံးပြုပြီး ဖန်တီးခဲ့ပါတယ်။ ကျောင်းသားတွေက ဝှီးချဲနဲ့ ကလေးတွန်းလှည်းကို အန္တရာယ်ကင်းကင်းနဲ့ တစ်ခါတည်း ပေါင်းစပ်ဖို့အတွက် အထူးပြုလုပ်ထားတဲ့ ဒေါက်တွေကို ဒီဇိုင်းဖော်ခဲ့ပြီး အလူမီနီယမ်ပိုက်တွေကို ပုံဖော်ခဲ့ပါတယ်။ ကျောင်းသားတွေက ဂျင်ရမီအတွက် ကလေးတွန်းလှည်းပါ ဝှီးချဲကို ကျောင်းမှာ အကြိမ်ကြိမ်စမ်းသပ်ခဲ့ကြပါတယ်။

သူတို့ရဲ့ဒီဇိုင်းက နိုင်ငံတကာဒီဇိုင်းဆု (၂) ဆုကိုလည်း ရရှိခဲ့ပါတယ်။ ကျောင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ ဇလောနစ်စကိုင်း (Zlotnitsky) က “ကျွန်တော်တို့ ဒီလို အန္တရာယ်ကင်းမဲ့ အရာမျိုးကို လုပ်နိုင်မယ်လို့ မထင်ခဲ့မိဘူး။ ဂျင်ရမီနဲ့ ချဲလ်ဆီတို့ရဲ့မျက်နှာမှာ အပြုံးတွေမြင်ရတာက အောင်မြင်တဲ့ဒီဇိုင်းနဲ့အတူ ရလာတဲ့ အကောင်းဆုံးအရာပါပဲ”တဲ့။

Ref: CBSNews “Students adapt wheelchair to allow teacher’s husband to take baby for a walk after brain surgery”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top