လေဗာကူဆင်က အသင်းသမိုင်းရဲ့ ပထမဆုံး ဘွန်ဒက်စ်လီဂါဖလားကို တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်နဲ့ ရယူပြီး သမိုင်းသစ် ရေးထိုးလိုက်ပါပြီ။

18.5.24-yyl-၇.jpg

ဒုတိယကမ္ဘာစစ်အပြီး ဥရောပဘောလုံးလောကမှာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်နဲ့အတူ ဖလား ယူနိုင်တဲ့အသင်း ၄ သင်းပဲ ရှိပါတယ်။ အာဆင်နယ်၊ ဂျူဗင်တပ်၊ အေစီမီလန်နဲ့ လေဗာကူဆင်တို့ ဖြစ်ပါတယ်။
လေဗာကူဆင်နည်းပြ အလွန်ဆိုကတော့ ပရိသတ်တွေနဲ့အတူ ပွဲကြည့်စင်ပေါ်တက်ပြီး အောင်ပွဲခံခဲ့တာ တွေ့ရပါတယ်။ ပိုကယ်ဖလားနဲ့ ယူရိုပါလိဂ်သာ ယူနိုင်ခဲ့မယ်ဆိုရင်တော့ တစ်ရာသီလုံး ရှုံးပွဲမရှိ ကစားပြီး ဖလား ၃ လုံး ယူနိုင်တဲ့ အသင်းအဖြစ်ပါ စံချိန်တင်နိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုကိုကြည့်ရှုရန်

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top