အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာသူ အူဆက်

18.5.24-yyl-4.jpg

ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆက်ဟာ ဆော်ဒီနိုင်ငံမှာ ကျင်းပခဲ့တဲ့ လက်ဝှေ့ပွဲမှာ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို အမှတ်နဲ့ အနိုင်ယူပြီး ဟဲဗီးဝိတ်ချန်ပီယံခါးပတ် ၄ ခု သိမ်းပိုက်နိုင်တဲ့ ချန်ပီယံဖြစ်လာခဲ့ပါတယ်။ အစောပိုင်းမှာ တိုင်ဆန်ဖျူရီက အသာရခဲ့ပေမဲ့ ၉ ချီမြောက်မှာတော့ အလှည့်အပြောင်း ဖြစ်သွားခဲ့ပြီး အူဆက်ရဲ့ လက်သီးချက်တွေ ကြောင့် တိုင်ဆန်ဖျူရီ လဲကျသွားခဲ့ပါသေးတယ်။

အမှတ်ပေးဒိုင် ၃ ဦးအနက် ၂ ဦးက အူဆက်ကို ၁၁၅ – ၁၁၂ ၊ ၁၁၄ – ၁၁၃ အမှတ်နဲ့ အနိုင်ပေးခဲ့ပြီး ကျန်တစ်ဦးက တိုင်ဆန်ဖျူရီကို ၁၁၄-၁၁၃ မှတ်နဲ့ အနိုင်ပေးခဲ့တာပါ။

အူဆက်ဟာ တိုင်ဆန်ဖျူရီရဲ့ WBC ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့တာကြောင့် WBA ၊ WBO ၊ IBF၊ WBC ချန်ပီယံခါးပတ် ၄ ခု ပိုင်ဆိုင်သွားခဲ့ပြီး (၁၉၉၉ ခုနှစ်က လင်းနော့လူးဝစ်နောက်ပိုင်း ပထမဆုံးအဖြစ်) အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့တာပါ။ အသက် ၃၇ နှစ်အရွယ်ရှိတဲ့ အူဆက်ဟာ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝတစ်လျှောက် ရှုံးပွဲမရှိ ထိုးသတ်နိုင်ခဲ့လည်း ဖြစ်ပြီး တိုင်ဆန်ဖျူရီကတော့ သူ့ရဲ့လက်ဝှေ့သမားဘဝ ၁၆ နှစ်တာကာလအတွင်း ပထမဆုံး ရှုံးပွဲကြုံခဲ့တာ ဖြစ်ပါတယ်။

Ref: Usyk beats Fury to become undisputed champion

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top