မလက်ကာမြို့ မှာ ဂုဏ်ထူးဆောင်ဆု ချီးမြှင့်ခံခဲ့ရတဲ့ တရုတ်မင်းသမီး ဖန်ဘင်းဘင်း

bing.jpg

နာမည်ကြီးတရုတ်မင်းသမီး ဖန်ဘင်းဘင်းဟာ Datuk(မလေးရှား၊ ဘရူနိုင်း၊ အင်ဒိုနီးရှားမှာ အသုံးပြုလေ့ရှိတဲ့ မလေးဂုဏ်ထူးဆောင်ဆု)ဖြစ်တဲ့Darjah Pangkuan Seri Melakaဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်က မလေးရှားနိုင်ငံ၊မလက်ကာမြို့ရဲ့ခရီးသွားသံတမန်အဖြစ် ခန့်အပ်ခံခဲ့ရတဲ့ အသက် ၄၃ နှစ်အရွယ် ဖန်ဘင်းဘင်းကို မလကာမြို့အုပ်ချုပ်ရေးမှူး T.Y.T Tun Seri Setia (Dr.) Haji Mohd Ali Bin Mohd Rustam က ဩဂုတ်လ ၂၄ ရက်နေ့မှာ ချီးမြှင့်ခဲ့တာပါ။ အခမ်းအနားပြီးတော့ ဖန်ဘင်းဘင်းက သတင်းထောက်တွေကို “ဒီလိုဂုဏ်ပြုခံရတဲ့အတွက် အရမ်းပျော်ပါတယ်။ မလက်ကာမြို့အတွက် နောက်ထပ်သတင်းကောင်းတွေယူဆောင်လာပေးဖို့ မျှော်လင့်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

စက်တင်ဘာလကျရင် နောက်ထပ်ပရောဂျက်တွေနဲ့ မလက်ကာမြို့ကို ပြန်လာဦးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ သူဟာ မြို့ရဲ့ခရီးသွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ပေးခဲ့တာပါ။ ပြီးခဲ့တဲ့ ဇွန်လက ၃ ရက်ကြာ အလည်အပတ်လာတဲ့အချိန် သူ့အကြောင်းနဲ့ မလက်ကာမြို့အကြောင်း ရှာဖွေမှုပေါင်း ၁.၂ ဘီလျံရှိခဲ့တာပါ။

Ref: Fan Bingbing awarded honorary Datukship in Melaka

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top