စားနပ်ရိက္ခာရှားပါးမှုကြုံနေရလို့ လယ်သမားအားလုံး စပါးစိုက်ကြဖို့ သီရိလင်္ကာအစိုးရ မေတ္တာရပ်ခံ

1-6-2022-yyl14.jpg

နှစ် ၇၀ ကျော်အတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ကြုံနေရတဲ့ သီရိလင်္ကာနိုင်ငံဟာ စားနပ်ရိက္ခာရှားပါးမှုကို ကာမိအောင် စပါးစိုက်ပျိုးကြဖို့ လယ်သမားတွေကို မေတ္တာရပ်ခံထားရပါတယ်။

သီရိလင်္ကာနိုင်ငံရဲ့ စားနပ်ရိက္ခာ အခြေအနေ ပိုမိုဆိုးရွားလာချိန်မှာ သီရိလင်္ကာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးက အခုလို မေတ္တာရပ်ခံခဲ့တာပါ။

သီရိလင်္ကာနိုင်ငံမှာ စားနပ်ရိက္ခာအပါအဝင် မရှိမဖြစ် လိုအပ်တဲ့ပစ္စည်းတွေ ဆိုးဆိုးရွားရွား ရှားပါးလာပြီး ငွေကြေးဖောင်းပွမှု မြင့်တက်လာလို့ ကုန်ပစ္စည်းဈေးနှုန်းတွေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာတော့ သီရိလင်္ကာအစိုးရက လောင်စာဆီနဲ့ စားနပ်ရိက္ခာအပါအဝင် အရေးကြီးတဲ့ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် အခွန်အခတွေ တိုးမြှင့်ကောက်ခံခဲ့ပါတယ်။

လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ပြီး နိုင်ငံခြားငွေ ရှားပါးပြတ်လပ်မှုနဲ့ ငွေကြေးဖောင်းပွမှုကြောင့် ဆေးဝါး၊ လောင်စာဆီနဲ့ တခြားမရှိမဖြစ် အရေးပါတဲ့ပစ္စည်းတွေ ရှားပါးပြတ်လပ်ခဲ့ပါတယ်။

” လာမယ့် ၅ ရက်ကနေ ၁၀ ရက်အတွင်း လယ်သမားတွေအားလုံး လယ်ထဲဆင်းပြီး စပါးစိုက်ကြဖို့ ကျွန်တော်တို့ မေတ္တာရပ်ခံလိုပါတယ်”လို့ သီရိလင်္ကာနိုင်ငံ စိုက်ပျိုးရေးဝန်ကြီး မာဟင်ဒါက ပြောပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ် ဝစ်ရီမီဆင်းဂျ်က လာမယ့်သြဂုတ်လမှာ စားနပ်ရိက္ခာ ပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်နိုင်တယ်လို့ သတိပေးထားပြီး အစိုးရအရာရှိတွေက စားနပ်ရိက္ခာ ထုတ်လုပ်မှု မြင့်တက်စေမယ့် နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။

အကူအညီလိုအပ်တဲ့ နိုင်ငံတွေအတွက် ဆန်နဲ့ တခြားကုန်ပစ္စည်းတွေ ထောက်ပံ့ကူညီပေးတဲ့ တောင်အာရှစားနပ်ရိက္ခာဘဏ်ကိုလည်း သီရိလင်္ကာအစိုးရက အကူအညီတောင်းထားတယ်လို့ Financial Times သတင်းစာက ဖော်ပြပါတယ်။

Ref: BBC ” Sri Lanka urges farmers to plant more rice amid crisis”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top