တရုတ်နာမည်ကြီးမင်းသမီးချော ဖန်ဘင်းဘင်းဟာ မလေးရှားနိုင်ငံရဲ့ Visit Melaka Year အတွက် ချစ်ကြည်ရေးသံတမန်အဖြစ် ပြီးခဲ့တဲ့နှစ်က ခန့်အပ်ခံထားရသူဖြစ်သလို မလေးရှားရုပ်ရှင် Mother Bhumi မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း မလက်ကာမြို့အုပ်ချုပ်ရေးမှူးရဲ့ ၇၆ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အခမ်းအနားမှာလည်း DPSM ဂုဏ်ထူးဆောင်ဆုကိုလည်း ချီးမြှင့်ခံခဲ့ရတာပါ။
အဲ့ဒီဆုကို ရရှိခဲ့တာက ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေဖွံ့ဖြိုးတိုးတတ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Cheuk Nang Ltd ရဲ့ပိုင်ရှင် ဟောင်ကောင်သူဌေးကြီး Cecil Chao ရဲ့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ချိတ်ဆက်မှုကြောင့် ရခဲ့တာလို့ တရုတ်မီဒီယာတစ်ခု ဖော်ပြလာခဲ့ပါတယ်။ အဲ့ဒီမီဒီယာက သူဌေးကြီးရဲ့ ၂၀၂၄ ခုနှစ် ခရစ္စမတ်ပါတီကို တက်ရောက်ခဲ့တဲ့ ဖန်ဘင်းဘင်းရဲ့ဓာတ်ပုံတွေကို တွေ့ရှိခဲ့သလို အဲံဒီသူဌေးကြီးရဲ့အဖွဲ့က မလေးရှားနိုင်ငံရဲ့ အိမ်ခြံမြေ စတုရန်းပေ ၁.၇ သန်းအထိ ပိုင်ဆိုင်ထားတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ဖန်ဘင်းဘင်းရဲ့မန်နေဂျာက ငြင်းဆိုခဲ့ပါတယ်။ သူဌေးကြီးကို ပွဲအခမ်းအနားမှာ ခဏတာပဲ တွေ့ဆုံခဲ့ပြီး အဲ့ဒီကတည်းက အဆက်အသွယ်မရှိတော့ဘူး။ ထွက်ရှိလာတဲ့သတင်းတွေက အခြေအမြစ်မရှိဘူး။ အရှေ့တောင်အာရှမှာ ဖန်ဘင်းဘင်းရခဲ့တဲ့ အောင်မြင်မှုတွေအားလုံးက ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်ဖြစ်တယ်။ နောက်ကွယ်မှာ အာဏာကြီးတဲ့ဘယ်သူမှရှိမနေပါဘူး။ ချမ်းသာကြွယ်ဝတဲ့သူငယ်ချင်းက ဘာလဲ။ အမှန်တရားက ချမ်းသာတဲ့သူငယ်ချင်းနဲ့ ၁ ရာခိုင်နှုန်းတောင် အဆက်အသွယ်မရှိဘူးလို့ ငြင်းခဲ့ပါတယ်။
Ref: Fan BingBing’s Manager Denies HK Tycoon Helped Her Get Datuk Title In Malaysia
WL (ရိုးရာလေး)

