ဘီးတပ်ကုလားထိုင်အသုံးပြုရသူအတွက် လမ်းပေါ်က ဆီးနှင်းတွေဖယ်ရှားပေးခဲ့တဲ့ Amazon ပစ္စည်းပို့သမား

23.1.24-yyl-4.jpg

Amazon ကုမ္ပဏီရဲ့ ကုန်ပစ္စည်း ပို့ဆောင်သူတစ်ယောက်ဟာ ဘီးတပ်ကုလားထိုင် အသုံးပြုရသူ သွားလာဖို့ အဆင်ပြေအောင် ဆီးနှင်းတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ ဒွန်ဝီလာက ဘီးတပ်ကုလားထိုင် အသုံးပြုရတာ ဆယ်စုနှစ် နှစ်ခုကြာ ပါပြီ။ ဆောင်းရာသီကာလမျိုးဆိုရင်သူ့အိမ်ရှေ့လမ်းပေါ်မှာ ဆီးနှင်းတွေ ဖုံးလွှမ်းနေလို့ ဘီးတပ်ကုလားထိုင်နဲ့ သွားလို့မရပါဘူး။ သူ့အနေနဲ့ ဆီးနှင်းတွေကို ရှင်းလင်းဖယ်ရှားရတာ အချိန်နာရီပေါင်းများစွာ ကြာမြင့်ပါတယ်။ အမြဲတမ်း လူခေါ်ခိုင်းဖို့ကြတော့လည်း ငွေကြေး မတတ်နိုင်ပါဘူး။

အဲဒီနေ့က ပါဆယ်ရောက်ပါပြီဆိုတဲ့ မက်ဆေ့ကြောင့် ဒွန်ဝီလာက အိမ်ရှေ့ထွက်ကြည့်ချိန်မှာ Amazon ပစ္စည်းပို့သမားက ဆီးနှင်းတွေ ဖယ်ရှားပေးနေတာပါ တွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းက ဒွန်ဝီလာကို အတိုင်းမသိ ပျော်ရွှင်သွားစေပါတယ်။ ” သူက ကျွန်တော့်နာမည်တောင် မမေးဘူး။ ဒီအကြောင်း ပို့စ်တင်ပေးနော်။ အဲဒါမှ ကျွန်တော် Like တွေ ရမယ်ဆိုတာမျိုးလည်း မပြောဘူး။ သူ့လုပ်ရပ်ကြောင့် အတိုင်းမသိ ပျော်မိပါတယ်” လို့ ဒွန်ဝီလာက ဆိုပါတယ်။

Amazon ပစ္စည်းပို့သမားဟာ ဒွန်ဝီလာရဲ့ အိမ်ရှေ့တစ်နေရာတည်း ဆီးနှင်းတွေ ဖယ်ရှားပေးခဲ့တာမဟုတ်ဘဲ တခြားအိမ်ရှေ့တွေမှာပါ ဆီးနှင်းတွေ ဖယ်ရှားပေးခဲ့ပါသေးတယ်။ ပစ္စည်းပို့သမားက ဘယ်သူ၊ ဘယ်ဝါဆိုတာ မသိရပေမဲ့ နောက်တစ်ကြိမ် သူနဲ့ ပြန်ဆုံချင်သေးတယ်လို့ ဒွန်ဝီလာက ဆိုပါတယ်။

Ref:’He Didn’t Give Me A Name’: Amazon Driver Shovels Snow For Man In Wheelchair

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top