စည်းမျဉ်းစည်းကမ်းများ

  • ဘောလုံးချစ်သူတွေက ဘောလုံးခန့်မှန်းမေးခွန်းရဲ့အဖြေတွေကို ဒီပို့စ်ရဲ့ကွန်မန့်မှာ ဖြေဆိုပေးရမည်။
  • သင် ကွန်မန့်မှာ ဖြေဆိုထားကြောင်းကို Screenshot ရိုက်ထားရမည်။
  • အဖြေမှန်သူ (၃) ဦးမကရှိနေရင်တော့ အဖြေမှန်သူ (၃) ဦးကိုပဲ မဲနှိုက်ရွေးချယ်သွားမှာဖြစ်ပါတယ်။ ဘောလုံးပွဲအပြီး နောက်တစ်ရက်တွင် ဆုရရှိသူစာရင်းကို ဒီပို့စ်ရဲ့ကွန်မန့်နဲ့ ပို့စ်မှာ ကြေညာပေးမည်။
  • ဘောလုံးခန့်မှန်း ဖြေဆိုမှန်ကန်ပြီး ဆုရရှိသူတဲ့သူတွေက ဖြေဆိုစဉ်က ရိုက်ထားတဲ့ Screenshot နဲ့အတူ ရိုးရာလေး Chat Box ကို ဆုကြေငြာပြီးနောက် (၂) ရက်အတွင်း လာရောက်ဆက်သွယ်ရမည်။ (၂) ရက်ထက် နောက်ကျပြီးမှ လာရောက်ဆက်သွယ်သူများကို ဆုပေးမည်မဟုတ်ပါ။ (လာရောက်ဆက်သွယ်တဲ့ ဘောလုံးခန့်မှန်းဖြေဆိုသူရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်နဲ့ မှတ်ပုံတင်အပေါ် ကနာမည်တို့ တူရမည်)
  • ဆုငွေရရှိသူကို KBZPay တစ်မျိုးတည်းနဲ့သာ ဆုငွေပေးအပ်မည်ဖြစ်သည်။ (မိမိကိုယ်ပိုင် KBZPay ဖွင့်မထားဘူးဆိုရင် မိသားစုဝင်တစ်ယောက်ယောက်ရဲ့ KBZPay ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ဆုငွေထုတ်ယူနိုင်ပါတယ်။ ဒါပေမဲ့ မိသားစုဝင်ဖြစ်ကြောင်း သက်သေပြနိုင်ရပါမယ်)
  • တကယ်လို့ အဖြေမှန်သူမပေါ်ခဲ့ရင်တော့ ဆုကြေးငွေကို နောက်တစ်ပတ်အတွက် ထပ်ပေါင်းပေးသွားမှာပါ။
  • ဘောလုံးခန့်မှန်းသူရဲ့ဖေ့စ်ဘွတ်ခ်အကောင့်က Profile အစစ်ဖြစ်ရမည်။ မိမိ၏ Profile အစစ်အမှန်‌ဖော်ပြမထားခြင်း၊ ၆ လကျော် အသုံးမပြုခြင်း၊ ကံစမ်းမဲများ၊ Campaign များအတွက် ဖွင့်ထားသည့် အကောင့်မဟုတ်ခြင်း စသည့်အချက်များနှင့် ငြိစွန်းပါက အကောင့်အတုဟု သတ်မှတ်မည်ဖြစ်သည်။
  • စည်းကမ်းချက်နဲ့ ကိုက်ညီတဲ့ ခန့်မှန်းချက်တွေကိုပဲ လက်ခံစဉ်းစားသွားမှာဖြစ်ပြီး အငြင်းပွားစရာတွေရှိလာရင်တော့ ရိုးရာလေးက ဆုံးဖြတ်ပေးသွားမှာပါ။