ကိုရီးယားတက္ကသိုလ်တစ်ခုမှာ ဧည့်ပါမောက္ခအဖြစ် စာပို့ချမယ့် Big Bang အဖွဲ့ဝင် G-Dragon

8.6.2024-yyl-၉.jpg

နာမည်ကြီးတောင်ကိုရီးယားအဆိုတော် G-Dragon ဟာ Korea Advanced Institute of Science & Technology (KAIST) မှာ ဧည့်ပါမောက္ခအဖြစ် စာသင်ကြားပို့ချသွားမှာဖြစ်ပါတယ်။ KAIST နဲ့ G-Dragonရဲ့အေဂျင်စီ Galaxy Corporation ကြား ချုပ်ဆိုထားတဲ့ သဘောတူညီချက်အရ ဧည့်ပါမောက္ခအဖြစ် ၂၀၂၆ ခုနှစ်အထိ ကြာမြင့်မှာဖြစ်ပြီး တက္ကသိုလ်ရဲ့ တက္ကသိုလ်စက်မှုအင်ဂျင်နီယာဌာနမှာ ဧည့်ပါမောက္ခအဖြစ် ခေါင်းဆောင်မှုဆိုင်ရာသင်ခန်းစာတွေကို ပို့ချသွားမှာဖြစ်ပါတယ်။

နိုင်ငံရပ်ခြားတက္ကသိုလ်ကို Promote လုပ်ရင်း KAISTရဲ့ ကျောင်းသားကျောင်းသူတွေအတွက် ယဉ်ကျေးမှုပွဲတွေစီစဉ်ပေးဖို့လည်း တာဝန်ပေးခံရပါတယ်။ AI၊ စက်ရုပ်တွေပါဝင်တဲ့ သုတေသနပြုချက်တွေမှာလည်း G-Dragon က ပါဝင်သွားရမှာဖြစ်ပါတယ်။

သူ စာသင်ကြားပို့ချရမယ့်အတန်းရဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Ref: G-Dragon Is Now A Professor At A Korean University’s Mechanical Engineering Department

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top