ထိုင်းနိုင်ငံတောင်ပိုင်းက ကမ်းခြေ (၄) ခုမှာ ခရီးသွားဧည့်သည်တွေကို ရေကူးခွင့် တားမြစ်ထား

thai_00.jpg

ထိုင်းနိုင်ငံတောင်ပိုင်းက ကမ်းခြေ

ထိုင်းနိုင်ငံတောင်ပိုင်းက လူကြိုက်များတဲ့ကမ်းခြေ (၄) ခုမှာ လေပြင်းပြင်းထန်ထန်တိုက်ခတ်တာကြောင့် လှိုင်းလုံးကြီးတွေက (၂) မီတာကျော်အထိ မြင့်တက်နေတဲ့အတွက် ခရီးသွားဧည့်သည်တွေကို ရေကူးလို့မရကြောင်း အနီရောင်အလံပြပြီး Haad Chao Mai National Park က ဗုဒ္ဓဟူးနေ့က သတိပေးထားတယ်လို့ သိရပါတယ်။

Haad Yao, Haad Yong Ling, Haad Chao Mai နဲ့ Haad Pak Meng ကမ်းခြေတွေမှာ ခရီးသွားဧည့်သည်တွေကို ရေကူးလို့မရကြောင်းအသိပေးဖို့အတွက် အနီရောင်အလံလွှင့်တင်ခဲ့တယ်လို့ ပန်းခြံရဲ့ အကြီးအကဲဖြစ်သူ Narong Khong က ပြောပါတယ်။

ဒါအပြင့် ခရီးသွားဧည့်သည်တွေကို အဏ္ဏဝါပန်းခြံလာရောက်လည်ပတ်တာကိုလည်း တားမြစ်ထားပြီး ပန်းခြံတစ်ဝိုက်မှာရှိတဲ့ ကျွန်းတွေကို လာရောက်လည်ပတ်ခွင့်ကိုလည်း တင်းတင်းကြပ်ကြပ်တားမြစ်ဖို့အတွက် ခရီးသွားလုပ်ငန်းအော်ပရေတာကို အသိပေးခဲ့တယ်လို့ Narong Khong က ဆိုပါတယ်။

Ref: AsiaOne “Swimming prohibited at 4 popular beaches in southern Thailand”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top