frog.jpg

ရေခဲတုံးကြီး ဖြစ်သွားတာတောင် အသက်ရှင်နိုင်စွမ်းရှိတဲ့ သစ်သားဖား

အလက်စကာပြည်နယ် ရေခဲပြင်ထဲမှာ ရှင်သန်ကျက်စားလေ့ရှိတဲ့ သစ်သားဖားဟာ ထူးခြားတဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်။ ရာသီဥတု ကြမ်းတမ်းလွန်းတဲ့ အလက်စကာပြည်နယ်ရဲ့ ဆောင်းရာသီဟာ အပူချိန် ရေခဲမှတ်အောက် ကျဆင်းပြီး သစ်သားဖားရဲ့ ခန္ဓာကိုယ်ဟာလည်း ရေခဲတုံးကြီး ဖြစ်သွားပါတယ်။ နှလုံးခုန် ရပ်တန့်သွားသလို အဆုတ်ကလည်း…

fish.png

ကုန်းမှာ ချီတာ၊ ရေမှာ ငါးရွက်တိုက်လို့ တင်စားနိုင်တဲ့ အမြန်ဆုံး ရေနေသတ္တဝါ

ငါးရွက်တိုက်ဟာ တစ်နာရီ ၆၈ မိုင်နှုန်းအထိ ကူးခတ်နိုင်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံး ရေနေသတ္တဝါ ဖြစ်ပါတယ်။ ပြောင်ချောတဲ့ သားရေ၊ လေခွင်းအားကောင်းတဲ့ ခန္ဓာကိုယ် အချိုးအစား၊ ယပ်အားကောင်းတဲ့ အမြီး၊ မှိန်းပုံသဏ္ဍာန် နှုတ်သီးရှိတဲ့ ငါးရွက်တိုက်ဟာ သဘာဝကပေးတဲ့…

graff.png

မိခင်ဝမ်းဗိုက်က ထွက်လာရင် အမြင့် ၆ ပေအကွာကနေ မြေပြင်ပေါ် ပြုတ်ကျလေ့ရှိတဲ့ သစ်ကုလားအုပ်သားပေါက်များ

သစ်ကုလားအုပ်တွေ သားပေါက်တဲ့အခါ မတ်တတ်ရပ် အနေအထားနဲ့ သားပေါက်တာဖြစ်လို့ မွေးကင်းစ သစ်ကုလားအုပ်လေးဟာ ၆ ပေအမြင့်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျသွားမှာ ဖြစ်ပြီး အဲဒါကြောင့်ပဲ ချက်ကြိုးပြတ်သွားမှာ ဖြစ်ပါတယ်။ သစ်ကုလားအုပ်လေးဟာ မွေးပြီးပြီးချင်း နာရီဝက်အတွင်း မတ်တတ်ရပ်နိုင်ပြီး နာရီပိုင်းအတွင်းမှာ…

choco.jpg

မိဘမဲ့ကလေးငယ်ပေါင်းများစွာရဲ့ အနာဂတ်ကို လင်းလက်စေခဲ့တဲ့ ချောကလက်ကုမ္ပဏီပိုင်ရှင် ဇနီးမောင်နှံ

၁၉၀၉ ခုနှစ်မှာ ချောကလက်ကုမ္ပဏီပိုင်ရှင် မီလ်တန်ဟာရှေးနဲ့ ဇနီးဖြစ်သူ ကက်သရင်းတို့က မိဘမဲ့ကလေးငယ်တွေအတွက် ယောကျာ်းလေးကျောင်း ဖွင့်လှစ်ပေးခဲ့ကြတယ်။ သူတို့လင်မယားမှာ သားသမီး မထွန်းကားတာကြောင့် ကက်သရင်း ကွယ်လွန်သွားချိန်မှာ မီလ်တန်အတွက် အမွေ ဆက်ခံမယ့်သူ မရှိတော့ပါဘူး။ အဲဒီအချိန်မှာ မီလ်တန်က…

tree.png

ဘက်စုံအသုံးပြုနိုင်တဲ့ ကြံပင်များ

ကြံပင်တွေဟာ သကြား ထုတ်လုပ်ဖို့အတွက်တင်မကဘဲ ဘက်စုံအသုံးဝင်တဲ့ အပင်တွေပါ။ ကြံပင်ကနေ ဇီဝလောင်စာ ထုတ်လုပ်နိုင်သလို စက္ကူ၊ ကတ်ထူပြား၊ ရမ်အရက်တွေ ထုတ်လုပ်နိုင်သလို တိရစ္ဆာန်အစာအဖြစ်လည်း ကျွေးမွေးနိုင်ပါသေးတယ်။ ကြံပင်ဆိုတာ အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ မြက်ပင်မျိုးရင်းထဲမှာ ပါဝင်ပြီး ကြံချောင်းကို…

mangrove.jpg

ကမ်းရိုးတန်းဒေသအတွက် သဘာဝဒိုင်းကာများ (သို့မဟုတ်) လမုပင်

လမုပင်တွေဟာ ကမ်းရိုးတန်းဒေသတွေအတွက် သဘာဝပေးတဲ့ ဒိုင်းကာတွေလို့ တင်စားနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လမုပင်တွေဟာ ပင်လယ်ရေထဲမှ ဆားဓာတ် ၉၀ ရာခိုင်နှုန်းအထိကို စစ်ထုတ်ဖယ်ရှားပေးနိုင်စွမ်း ရှိလို့ပါပဲ။ လမုပင်ရဲ့ အမြစ်တွေက ဆားဓာတ်တွေကို စုပ်ယူပေးတာဖြစ်ပြီး ကမ်းရိုးတန်းနဲ့ ဂေဟစနစ် တည်တံ့ခိုင်မြဲရေးအတွက်…

swim.jpg

သူ့အသက်ကို ပဓာနမထားဘဲ လူ ၂၀ ကို ကယ်တင်ပေးခဲ့တဲ့ ရေကူးချန်ပီယံ

၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် မှောင်စပျိုးချိန် . . . . အာမေးနီးယားနိုင်ငံ၊ ယီရီဗန်ရေကန်ကြီးတစ်ဝိုက်မှာ တိတ်ဆိတ်ငြိမ်သက်နေရာကနေ ရုတ်တရက် အော်သံတွေနဲ့ ဆူညံသွားခဲ့တယ်။ ခရီးသည်အပြည့် တင်ဆောင်လာတဲ့ ဘတ်စ်ကားတစ်စီး လမ်းချော်ပြီး…

woods.png

မိုးကြိုးပစ်ချခံရလို့ မြင်တွေ့ရတဲ့ သစ်ပင်ရဲ့အစာရေကြောစနစ်

မိုးကြိုးပစ်ခံရလို့ သစ်ခေါက် ကွာကျသွားချိန်မှာ အပင်တစ်ပင်ရဲ့ အစာရေကြောစနစ်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါဟာ သစ်ပင်ရဲ့ ရေနဲ့ အာဟာရဓာတ် သယ်ယူပို့ဆောင်ရေးကွန်ရက် ပုံစံပါပဲ။ သစ်ပင်ရဲ့ အစာရေကြောစနစ်ဟာ ရေသယ်ယူပို့ဆောင်ပေးခြင်း(xylem)၊ အစာအာဟာရ သယ်ယူပို့ဆောင်ပေးခြင်း (phloem)…

sea.jpg

ပေါင်းစပ်မရတဲ့ ပင်လယ် ၂ စင်း

ဒိန်းမတ်နိုင်ငံ မြောက်ဖျားစွန်းမှာရှိတဲ့ စကာဂျန်မြို့နားမှာတော့ ပေါင်းစပ်မရတဲ့ ပင်လယ် ၂ စင်း ဆုံစည်းကြတာကို မြင်တွေ့ရမှာပါ။ ဘော်တစ်ပင်လယ်နဲ့ မြောက်ပင်လယ်တို့ ဆုံစည်းတဲ့နေရာမှာ ပင်လယ်ရေချင်း ပေါင်းစပ်သွားခြင်းမရှိတာကြောင့် အဟန့်အတားတစ်ခု ရှိနေသလို ၂ ပိုင်းကွဲနေတာကို မြင်တွေ့ရမှာပါ။ ဒီဖြစ်ရပ်ကိုတော့…

mosquito.jpg

ဂေဟစနစ်မှာ အရေးပါတဲ့ ပုစဉ်းတွေရဲ့ အခန်းကဏ္ဍ

သဘာဝအတိုင်း အပြန်အလှန် ထိန်းကျောင်းပေးနေတဲ့ ဂေဟစနစ်မှာ ပုစဉ်းတွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါပါတယ်။ ပုစဉ်းတွေဟာ နေ့စဉ်နေ့တိုင်း ခြင်အကောင်ရေ တစ်ရာကျော် ဖမ်းယူစားသောက်နိုင်စွမ်းရှိပါတယ်။ တကယ်လို့ လူတွေကသာ ပုစဉ်းတွေကို ဖမ်းယူသတ်ဖြတ်မယ်ဆိုရင် ဂေဟစနစ်ရဲ့ဟန်ချက်ပျက်ပြီး တန်ပြန်ဆိုးကျိုးတွေ သက်ရောက်လာမှာပါ။ ပုစဉ်းအကောင်ရေ…