1.1.2025-yyl-1.jpg

မူးယစ်ဆေးစွဲတဲ့ မိဘနှစ်ပါးမှ မွေးဖွားလာပြီး အိမ်ရာမဲ့ဘဝမှသည် ဟားဗတ်တက္ကသိုလ်ဆီသို့

မူးယစ်ဆေးစွဲနေတဲ့ မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရပေမဲ့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်မှာ ပညာသင်ဆုရရှိခဲ့တဲ့ လစ်ဇ်မာရေးရဲ့ ဘဝဇာတ်ကြောင်းကတော့ အားကျအတုယူစရာပါပဲ။ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့မှာ လစ်ဇ်မာရေးကို မွေးဖွားခဲ့တာပါ။ မိဘနှစ်ပါးလုံးက ဆေးစွဲနေပြီး ရှာသမျှ ပိုက်ဆံအားလုံးနီးပါးကိုလည်း…

24.12.2024-yyl-8.jpg

ရေအောက်ကေဘယ်ကြိုးတွေ သွယ်တန်းပေးတဲ့ ကမ္ဘာ့အကြီးဆုံး သင်္ဘောကြီး

အင်တာနက်လိုင်း၊ လျှပ်စစ်လိုင်းနဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေ သွယ်တန်းဖို့ အသုံးပြုတဲ့သင်္ဘောတွေထဲမှာတော့ အီတလီအလံ လွှင့်ထူထားတဲ့ လီယိုနာဒိုဒါဗင်ချီသင်္ဘောက အကြီးဆုံးပါပဲ။ ရေအောက်အနက် မီတာ ၃၀၀၀ မှာ ကေဘယ်ကြိုးတွေ သွယ်တန်းပေးနိုင်စွမ်းရှိပြီး တန်ချိန် ၁၇၀၀၀ တင်နိုင်စွမ်း ရှိပါတယ်။ လီယိုနာဒိုဒါဗင်ချီသင်္ဘောဟာ…

23.12.2024-yyl-7.jpg

လူစိတ်ဝင်စားမှုများနေတဲ့ ကပီဘာရာကြွက်မျက်နှာလို ချစ်စရာမျက်နှာနဲ့ သမင်

ကမ္ဘာပေါ်မှာ သမင်အမျိုးအစားပေါင်း ၄၃ မျိုးကျော်ရှိတယ်လို့ ဆိုကြပါတယ်။ အဲ့ဒီအမျိုးအစားထဲကမှ ဒီသမင်အမျိုးအစားကတော့ လူစိတ်ဝင်စားမှုများနေပါတယ်။ တရုတ်နိုင်ငံ၊ Xiaohongshu မြို့မှာရှိတဲ့ Siberian (သို့) Asian သမင်ရဲ့ဗီဒီယိုတွေဟာဆိုရင် လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေပါတယ်။ အဲ့ဒီသမင်လေးတွေက သူတို့ရဲ့ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်ပဲ တရုတ်မှာ…

23.12.2024-yyl-1.png

မသန်စွမ်းသူတွေ လမ်းလျှောက်နိုင်စေဖို့ ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်တဲ့ အပေါ့စားစက်ရုပ်ကို တောင်ကိုရီးယားပညာရှင်တွေ တီထွင်

တောင်ကိုရီးယားနိုင်ငံမှ သိပ္ပံပညာရှင်အဖွဲ့ဟာ ခန္ဓာကိုယ်အောက်ပိုင်းသေနေသူတွေ လှုပ်ရှားသွားလာနိုင်ဖို့ ရည်ရွယ်ပြီး ခန္ဓာကိုယ်မှာ တပ်ဆင်နိုင်တဲ့ အပေါ့စားစက်ရုပ်တစ်မျိုးကို တီထွင်ဖန်တီးခဲ့ကြပါတယ်။ တောင်ကိုရီးယား သိပ္ပံနဲ့နည်းပညာကျောင်းမှ Exoskeleton ဓာတ်ခွဲခန်းမှ သုတေသီအဖွဲ့က WalkON Suit F1 အပေါ့စားစက်ရုပ်ကို တီထွင်ခဲ့ကြတာပါ။ အလူမီနီယမ်နဲ့…

20.12.2024-yyl-12.jpg

ရှားပါးဇရာရောဂါနဲ့ အသက် ၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တဲ့ TikTok ကြယ်ပွင့်

လူမှုကွန်ယက်အသုံးပြုသူတွေကို စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ ဗီဒီယိုတွေနဲ့ နာမည်ကြီးတဲ့ TikTok ကြယ်ပွင့် ဘီယန်ဒရီ ဘိုရ်ဆန်ဟာ အသက် ၁၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ ကွယ်လွန်သွားပြီဆိုတာကို သူ့ရဲ့မိခင်ဖြစ်သူက ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အတည်ပြုပေးခဲ့တာပါ။ ဘီယန်ဒရီဟာ…

20.12.2024-yyl-10.jpg

မြန်မာငွေ ၁၁ သိန်းကျော်နဲ့ လေလံအောင်ခဲ့တဲ့ ကြက်ဥ

ထူးထူးခြားခြား လုံးဝိုင်းတဲ့ ပုံပန်းသဏ္ဍာန်ကြောင့် ကြက်ဥတစ်လုံးကို လေလံတင်ရောင်းချရာမှာ မြန်မာငွေ ၁၁ သိန်းကျော် (အမေရိကန်ဒေါ်လာ ၂၅၀) နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ စကော့တလန်နိုင်ငံ၊ အဲလ်မြို့ ကုန်ခြောက်ဆိုင်တစ်ဆိုင်ကနေ ကြက်ဥတစ်ဒါဇင် ဝယ်ယူရာမှာ စက်လုံးတစ်လုံးလို လုံးဝိုင်းတဲ့ ကြက်ဥ…

19.12.2024-yyl-8.jpg

လာရောက်လည်ပတ်တဲ့သူတွေ အမှိုက်မပစ်ရင် ငိုတဲ့ Hong Kong Disneylandရဲ့ စကားပြောသောအမှိုက်ပုံးလေး

ဖော်ရွေလှတဲ့ အရုပ်ကြီးတွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာကစားစရာတွေနဲ့ နာမည်ကြီးတဲ့ Hong Kong Disneyland မှာ လာရောက်လည်ပတ်သူတွေ စိတ်ဝင်စားနေတဲ့ အရာတစ်ခုရှိနေပါတယ်။ အဲ့ဒါကတော့ Push လို့ အမည်ရတဲ့ စကားပြောသောအမှိုက်ပုံးလေးပါ။ အဲ့ဒီအမှိုက်ပုံးလေးက Disneyland အနှံ့လှည့်ပတ်သွားလာပြီး လာရောက်လည်ပတ်သူတွေနဲ့…

18.12.2024-yyl-3.jpg

၁၈ နှစ်အရွယ်မှာ ကမ္ဘာ့ချန်ပီယံဘွဲ့ ရယူပြီး အသက်အငယ်ဆုံး ကမ္ဘာ့စစ်တုရင်ချန်ပီယံအဖြစ် အိန္ဒိယလူငယ် စံချိန်သစ်တင်

၇ နှစ်သားအရွယ်တုန်းက သူ့ရဲ့မွေးရပ်မြေ ချန်နိုင်းမြို့မှာ နော်ဝေနိုင်ငံသား မဂ္ဂနက်ကာဆန်က အိန္ဒိယနိုင်ငံသား ဗီဆွာနာသန်အာနန်ရဲ့ ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ကို လွှဲပြောင်းရယူသွားခဲ့တယ်။ အဲဒီအချိန်ကစပြီး ဒွန်မာရာဂျူက အိန္ဒိယနိုင်ငံအတွက် ကမ္ဘာ့စစ်တုရင် ချန်ပီယံဘွဲ့ ပြန်ယူပေးမယ်လို့ သံန္နိဌာန်ချခဲ့တာပါ။ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့…

17.12.2024-yyl-4.jpg

ဒီဂျစ်တယ်ခရစ္စမတ်ကတ်မှာ ထည့်သွင်းထားတဲ့ မင်းသားဟယ်ရီတို့မိသားစုရဲ့ရှားပါးဓာတ်ပုံ

ဟယ်ရီမင်းသားနဲ့မီဂန် မာကယ်တို့ဟာ ပရိသတ်တွေကို သူတို့ရဲ့ရှားပါးမိသားစုဓာတ်ပုံကို ၂၀၂၄ ခုနှစ် ခရစ္စမတ်ကတ်နဲ့ ချပြလိုက်ပါတယ်။ ဒီဂျစ်တယ်ခရစ္စမတ်ကတ်ဟာ သူတို့ကလေး ၂ ဦးနဲ့အတူ ကြည်နူးစရာပုံရိပ်အပါအဝင် ဓာတ်ပုံ ၆ ပုံပါရှိပြီး ဒီဇင်ဘာ ၁၆ ရက်နေ့က ထွက်ရှိခဲ့တာပါ။…

17.12.2024-yyl-1.jpg

၁ လီတာဘူးကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ လောက် ကျသင့်တဲ့ တန်ဖိုးကြီးရေသန့်ဘူး

ကမ္ဘာပေါ်က တော်ဝင်မိသားစုတွေ၊ သန်းကြွယ်သူဌေးတွေ မှာယူသောက်သုံးလေ့ရှိတဲ့ တန်ဖိုးကြီးရေသန့်တစ်မျိုးကတော့ တစ်လီတာကို အမေရိကန်ဒေါ်လာ ၁၀၀၀၀ နှုန်းလောက် ကျသင့်ပါတယ်။ Fillico Jewelry Water လို့ အမည်ရတဲ့ ဂျပန်ရေသန့်ကုမ္ပဏီဟာ ဖြစ်နိုင်ခြေနည်းပါးတယ်လို့ ထင်ရတဲ့ဈေးကွက်ကို ဝင်ရောက်ထိုးဖောက်ပြီး သူ့ရဲ့ထုတ်ကုန်အချို့ကို…