thai.jpg

နိုင်ငံခြားခရီးသွားတွေဆီက ဝင်ကြေး ဘတ် ၃၀၀ ကောက်ခံမယ့် စီမံချက်ကို ထိုင်းနိုင်ငံက ၄ လအတွင်းအပြီးသတ်မယ်

ထိုင်းအစိုးရဟာ နိုင်ငံခြားခရီးသွားတွေဆီက ဝင်ကြေး ဘတ် ၃၀၀ (စင်ကာပူဒေါ်လာ ၁၂) ကောက်ခံမယ့်စီမံချက်ကို ၄ လအတွင်း အပြီးသတ်ဖို့ ရည်မှန်းထားတယ်လို့ ထိုင်းနိုင်ငံရဲ့ခရီးသွားလာရေးနဲ့အားကစားဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ကာလအတန်ကြာ ဆွေးနွေးခဲ့ပေမဲ့ ပြဌာန်းခြင်းမရှိသေးတဲ့ အခုလိုကောက်ခံမယ့် အဆိုပြုချက်ဟာဆိုရင် လေကြောင်းနဲ့ပဲဖြစ်ဖြစ်…

fish.png

ဖမ်းမိသမျှ ငါးခူတွေထဲမှာ အကြီးဆုံးစံချိန်တင်တဲ့ ၉ ပေကျော် ငါးခူကြီး

ကမ္ဘာပေါ်မှာ ဖမ်းမိသမျှ အကြီးမားဆုံးစံချိန်တင်တဲ့ ငါးခူတစ်ကောင်ကို အီတလီငါးဖမ်းသမားတစ်ဦးက ဖမ်းမိခဲ့ပါတယ်။ ၉.၄ ပေအရှည်ရှိတဲ့ ငါးခူကို အီတလီနိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ပိုမြစ်ထဲကနေ ဖမ်းမိခဲ့တာပါ။ ရာသီဥတု အေးတဲ့နေရာမှာ ငါးခူတစ်ကောင် ၆ ပေအရှည်အထိ ကြီးထွားလာဖို့ဆိုရင် နှစ်…

sun.jpg

နေကြာပန်းပွင့်ထဲမှ သင်္ချာလျှို့ဝှက်ချက်

နေကြာပန်းပွင့်ထဲမှာ လှပတဲ့ သင်္ချာလျှို့ဝှက်ချက်တစ်ခု ရှိနေပါတယ်။ နေကြာပန်းပွင့်ထဲမှာ အစေ့တွေရဲ့ တည်နေရာအနေအထားက ‌ရွှေအချိုး(Golden ratio)နဲ့ ကိုက်ညီနေပြီး ဖိုင်ဘိုနက်ချီအခွေသဏ္ဍာန်အတိုင်း ဖြစ်နေတာပါ။ အချိုးအစား ကျနစွာ စီစီရီရီ ညီညီညာညာ ရှိနေတာကြောင့် နေကြာပန်းပွင့် တစ်ပွင့်မှာ နေကြာစေ့…

shark.jpg

အလင်းရောင်ထွက်တဲ့ အကြီးမားဆုံး ကျောရိုးရှိ သတ္တဝါ

ကမ္ဘာပေါ်မှာ အလင်းရောင်ထွက်တဲ့ အကြီးမားဆုံး ကျောရိုးရှိသတ္တဝါကတော့ စွန်ဆူးတောင်ငါးမန်း(kitefin shark)ပါပဲ။ အဆီတွေပြည့်နေပြီး အရွယ်အစား ကြီးမားတဲ့ အသည်းကြောင့် သဘာဝအတိုင်း ရေပေါ်ပေါ်နိုင်စွမ်းရှိပြီး စွမ်းအင် အနည်းငယ်သုံးရုံနဲ့ ရေထဲမှာ ကူးခတ်နိုင်စွမ်း ရှိပါတယ်။ ရေအောက်အနက် ပေ ၆၆၀…

owl.jpg

ပန်းရောင် နှင်းဇီးကွက်

ပန်းရောင်အစက်အပျောက်တွေပါတဲ့ နှင်းဇီးကွက်ကို မြင်တွေ့လိုက်ရလို့ သိပ္ပံပညာရှင်တွေနဲ့ ငှက်ချစ်သူတွေ အံ့အားသင့်ခဲ့ကြပါတယ်။ ပုံမှန်အားဖြင့် နှင်းဇီးကွက်တွေဟာ ဖြူဖွေးတဲ့ အရောင်အသွေးရှိပေမဲ့ ဒီဇီးကွက်ကတော့ ပန်းရောင် အစက်အပျောက်တွေ ပါဝင်ပြီး ထူးထူးခြားခြား လှပနေတာပါ။ ဘာကြောင့် ဒီလို အရောင်အသွေး ဖြစ်နေရသလဲဆိုတာကို…

elephant.jpg

ဆင်တွေက ရေကို ၁၂ မိုင်အကွာကနေ အနံ့ခံနိုင်စွမ်းရှိ

ဆင်တွေဟာ အနံ့ခံနိုင်စွမ်း အလွန်အားကောင်းပြီး ရေအရင်းအမြစ်ရှိရာနေရာကို ၁၂ မိုင်အကွာကနေ အနံ့ခံနိုင်စွမ်း ရှိပါတယ်။ ဆင်တွေဟာ ရေထဲမှာပါဝင်တဲ့ geosmin (ဂျီအိုစမင်း) နဲ့ dimethyl sulphide( ဒိုင်မန်သီဆာလ်ဖိုက်)တို့လို ရေထဲမှာ ပါဝင်တဲ့ အမှုန်တွေကို အနံ့ခံနိုင်စွမ်းရှိကြောင်း…

plastic1.jpg

အာဖရိကမှာ ကြုံရတဲ့ စိန်ခေါ်မှု ၂ မျိုးကို ဖြေရှင်းနိုင်ခဲ့တဲ့ နည်းလမ်းသစ်

အာဖရိကနိုင်ငံတချို့မှာတော့ စိန်ခေါ်မှု ၂ မျိုးကို ဖြေရှင်းနည်းတစ်ခုတည်းနဲ့ ပြေလည်စေခဲ့ပါပြီ။ စွန့်ပစ်ပလတ်စတစ်အမှိုက်နဲ့ ဆောက်လုပ်ရေးပစ္စည်း ဈေးမြင့်တက်မှု အစရှိတဲ့ စိန်ခေါ်မှု ၂ မျိုးကို ပလတ်စတစ်အုတ် ထုတ်လုပ်ပြီး ဖြေရှင်းခဲ့တာပါ။ စွန့်ပစ်ပလတ်စတစ်ပစ္စည်းတွေကို လိုက်ကောက်ပြီး ပလတ်စတစ်အုတ်တွေအဖြစ် ပုံသွင်းထုတ်လုပ်တာပါ။…

ဘဘေပ.jpg

တစ်ညမှာ အနည်းဆုံး ၉ နာရီကြာ အိပ်စက်တဲ့ ကလေးငယ်တွေက အာရုံစူးစိုက်နိုင်စွမ်း ပိုကောင်း

တစ်ညမှာ အနည်းဆုံး ၉ နာရီကြာ အိပ်စက်တဲ့ ကလေးငယ်တွေက အာရုံစူးစိုက်နိုင်စွမ်းနဲ့ စိတ်ထိန်းချုပ်မှု ပိုကောင်းတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ကောင်းမွန်စွာ အိပ်စက်ခွင့်ရခြင်းက ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကျိုးကျေးဇူးတွေ သိသိသာသာ ရစေတယ်လို့ လေ့လာမှုမှာ တွေ့ရှိခဲ့ပါတယ်။…

tiger.jpg

ကျားစာ ကျွေးခံခဲ့ရပေမဲ့ ကျားနဲ့ မိတ်ဆွေဖွဲ့နိုင်ခဲ့တဲ့ ဆိတ်

၂၀၁၅ ခုနှစ်တုန်းက ရုရှားနိုင်ငံ အရှေ့ဖျားမှာရှိတဲ့ ပရိုင်မော်စကိုင်းဆာဖာရီဥယျာဉ်မှာ တီမာလို့ အမည်ရတဲ့ ဆိတ်တစ်ကောင်ကို ကျား စားကျက်ထဲ ထည့်ပေးခဲ့တယ်။ ကျားစာကျွေးတဲ့သဘောပါပဲ။ ဒါပေမဲ့ တီမာက ကျားနဲ့ ရင်ဆိုင်ရချိန်မှာ သူ့ဦးချိုနဲ့ ပြန်ခွေ့မယ် တကဲကဲလုပ်နေလို့ ကျားကတောင်…

golden.jpg

ပထမဆုံးအကြိမ် မြင်တွေ့ရတယ်ဆိုတဲ့ ရွှေရောင်ငါးမန်း

သုတေသီတွေကတော့ ဒီလို ရွှေရောင်ငါးမန်းမျိုး မြင်တွေ့ရတာ ပထမဆုံးပဲလို့ ဆိုကြပါတယ်။ ကော်စတာရီကာနိုင်ငံ ကမ်းလွန်ဘက်မှာ မြင်တွေ့ရတဲ့ ငါးမန်းဟာ ၆ ပေအရှည်ရှိပြီး ရွှေရောင်ကိုယ်လုံး၊ အဖြူရောင်မျက်လုံးတွေ ရှိပါတယ်။ Xanthochromism လို့ ခေါ်တဲ့ အခြေအနေအရ အနီရောင်…